အစိုးရ မပွင့်လင်းတဲ့ နိုင်ငံတွေထဲ မြန်မာ ပါဝင်နေဆဲ
တိုင်းပြည်ရဲ့ ပကတိအချက်အလက်တွေကို အများပြည်သူ ပွင့်ပွင့်လင်းလင်းသိရှိဖို့ အခက်ခဲဆုံးနိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံပါဝင်နေဆဲဖြစ်ပါတယ်။
-
2015-01-21 -
-
-
တိုင်းပြည်ရဲ့ ပကတိအချက်အလက်တွေကို အများပြည်သူ ပွင့်ပွင့်လင်းလင်းသိရှိဖို့ အခက်ခဲဆုံးနိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံပါဝင်နေဆဲဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် World Wide Web Foundation က အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင် ခံစာအရ မြန်မာ၊ ဟေတီ နဲ့ မာလီနိုင်ငံ အစိုးရတွေ ဟာ သတင်းအချက်အလက်တွေကို ပွင့်ပွင့်လင်းလင်း အသိပေးမှု အနိမ့်ဆုံး အဆင့်မှာ ရှိနေဆဲဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး G7 နဲ့ G20 နိုင်ငံများ စည်းဝေးပွဲတွေမှာ အစိုးရဆိုင်ရာ အကျင့်ပျက် ခြစားမှုလျှော့ ချဖို့နဲ့ အစိုးရဝန်ဆောင်မှုတွေ တိုးတက် လာဖို့အတွက် သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြန် ကြဖို့ တိုက်တွန်းခဲ့ပေမဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ရာနှုန်းကျော် ရဲ့ အစိုးရတွေဟာ အချက်အလက်တွေကို ဖုံးကွယ်ထားကြ ဆဲဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
G7 နိုင်ငံတွေထဲက တဝက်နီးပါးဟာ ပွင့်ပွင့်လင်းလင်းထုတ်ပြန်ပါမယ်လို့ သူတို့ ဂတိ ကဝတ်ပြုထားခဲ့ကြပေမဲ့၊ အဓိက ကျတဲ့ အချက်အလက်တွေကို မထုတ်ပြန် ခဲ့ကြဘူးလို့ ဖေါ်ပြပါတယ်။
အဲ့ဒီအစီရင်ခံစာမှာ ဗြိတိန်နိုင်ငံက ပွင့်လင်းမြင်သာမှု အရှိဆုံးအဖြစ် စာရင်းရဲ့ထိပ်မှာ နှစ်နှစ်ဆက်တိုက်ရှိနေပြီး၊ သူ့နောက်မှာအမေရိကန်ပြည်ထောင်စု၊ ဆွီဒင်၊ ပြင်သစ် နဲ့ နယူးဇီလန်နိုင်ငံတွေ ရှိကြပါတယ်။
အင်ဒိုနီးရှား၊ တရုတ် နဲ့ ပီရူး နိုင်ငံတွေက မနှစ်ကထက်စာရင် အဆင့်တွေ တက်လာခဲ့ကြပြီး၊ ကင်ညာနိုင်ငံကတော့ အဆင့် ၂၂ ကနေ ၄၉ အထိ ကျဆင်း သွားခဲ့တယ်လို့ သိရပါတယ်။