တိုင်းမ်မဂ္ဂဇင်းပါ ဘာသာရေး အကြမ်းဖက်မှုဆောင်းပါး အစိုးရ ကန့်ကွက်

မန္တလေးတိုင်း မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူရဲ့ မျက်နှာဖုံးနဲ့ ဇူလိုင်လ ၁ ရက်နေ့အတွက် ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ ဗုဒ္ဓဘာသာ အကြမ်း ဖက်မှုဆောင်းပါးကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဆရာတော် ဦးဝီရသူကို ဇွန်လ ၁၃ ရက်နေ့ကတွေ့ရစဉ် photo: AFP

မန္တလေးတိုင်း မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးီရသူရဲ့မျက်နှာဖုံးနဲ့ ဇူလိုင်လ ၁ ရက်နေ့အတွက် ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက် မှုဆောင်းပါးကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြပါတယ်။

တိုင်းမဂ္ဂဇင်းမှာ ဖော်ပြထားချက်တွေဟာ မြန်မာနိုင်ငံ သားတွေ  အများစုကိုးကွယ်ရာဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာ သာသနာတော်အပေါ်ကို  အထင်အမြင် လွဲမှားစေပြီး ဘာသာပေါင်းစုံတို့အကြား အပြန်အလှန်ယုံကြည်မှု  တည်ဆောက်နေတာကို ထိခိုက်စေနိုင်ကြောင်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

လက်ရှိမြန်မာအစိုးရအနေနဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်ပွားအောင် ဘာသာရေးခေါင်းဆောင်တွေ နိုင်ငံရေးပါတီတွေ မီဒီယာတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းကြိုးပမ်း တည်ဆောက်နေချိန်ဖြစ်ပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာတွေအကြား အပြန်အလှန် လေးစားယုံကြည်မှုတွေကို အထူးအလေးထားသင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီလို အထင်အမြင်လွဲမှားစေတဲ့ ဖော်ပြချက်ကြောင့် တိုင်းမဂ္ဂဇင်း ဆောင်းပါးပါ ရေးသားချက်ကို ကန့်ကွက်တယ်လို့ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ကြေညာထားပါတယ်။

NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကလည်း ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးမှာ ဆရာတော် ဦး
ီရသူကို ဗုဒ္ဓဘာသာ အကြမ်းဖက်သမားအဖြစ် မှားယွင်းစွာ စွပ်စွဲဖော်ပြထားတာကို ဒီနေ့ ပြင်းထန်စွာ ကန့်ကွက်လိုက်ပါတယ်။

အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ NDF ရဲ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာလို့ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

၂ဝဝ၈ အခြေခံဥပဒေပုဒ်မ ၃၆၅ မှာ “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့ အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ခွင့်ရှိသည်” ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ အခြေခံဥပဒေပုဒ်မ ၃၆ဝ(ခ) ပါ “ဘာသာ သာသနာနှင့် စပ်လျဉ်း၍ လွတ်လပ်သော အခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူ အကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ ဥပဒေပြုခြင်းတို့ကို မတားမြစ်ရ” ဆိုတဲ့ ပြဋ္ဌာန်းချက်တွေပါရှိပါတယ်။ ဒါကို အလေးမူပြီး ဆရာတော်၊ သံဃာတော်တွေဟာ အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းရပ်တွေ ကြိုးပမ်းနေပါတယ်။

ဒီအတွက် ကိုလိုနီခေတ်အခါက အမျိုးသားရေးစိတ်ဓာတ် မြင့်မားစေရေး ဆောင်ရွက်ခဲ့ကြတဲ့ ကောင်းမြတ်တဲ့ အစဉ်အလာကိုတုပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဆရာတော်တွေရဲ့ကြိုးပမ်းချက်တွေကို ကြိုဆိုပါကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။

တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးမှာ အဲဒီလိုေဖော်ပြတာကို အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေကလည်း လက်မခံတဲ့အကြောင်း ဘာသာရေးခေါင်းဆောင်တွေက ပြောကြားတယ်လို့ MyanmarMuslim.net အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အင်တာနက် လူမှုရေးကွန်ရက် စာမျက်နှာတွေမှာလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာနေထိုင်တဲ့ မြန်မာတွေအကြားမှာလည်း တိုင်းမ်မဂ္ဂဇင်းရဲ့ရေးသားချက်ကို ကန့်ကွက်တဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားတင်ပြနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org