မြန်မာ့ FDI စာရင်းမှာ တရုတ်က ထိပ်ဆုံးမှာ ရှိနေဆဲ
တရုတ်ပြည်ဟာ စီးပွားကျဆင်းမှုနဲ့ စတော့ ရှယ်ယာဈေးကွက် တန်ဖိုးကျဆင်းနေ တာတွေနဲ့ ရင်ဆိုင်နေရပေမယ့် မြန်မာနိုင် ငံတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI စာရင်းမှာ ထိပ်ဆုံးက ရှိနေဆဲဖြစ်ပါတယ်။
-
2015-07-20 -
-
-
တရုတ်ပြည်ဟာ စီးပွားကျဆင်းမှုနဲ့ စတော့ရှယ်ယာဈေးကွက် တန်ဖိုးကျဆင်းနေတာတွေနဲ့ ရင်ဆိုင်နေရပေ မယ့် မြန်မာနိုင်ငံတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု FDI စာရင်းမှာ ထိပ်ဆုံးက ရှိနေဆဲဖြစ်ပါတယ်။
ဒါပေမယ့် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအရှိန်အဟုန်ကတော့ အရင်ကထက် နှေးကွေးသွား ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လက တရုတ်ရဲ့ မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး ရှိခဲ့ရာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၂၉ ရာနှုန်းဖြစ်ပါ တယ်။ ဒီအရင် ဧပြီလက တရုတ်ပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၃၈ ရာနှုန်း ရှိခဲ့တာပါ။
ထိုင်းနိုင်ငံကတော့ ဇွန်လအတွင်း မြန်မာအပေါ် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၈ သန်း နဲ့ ဒုတိယနေရာမှာ ရှိခဲ့ပါတယ်။