ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ဖို့ဝိန်းမြို့မှာ မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံ

အမေရိကန်ပြည်ထောင်စု ကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ မြန်မာမိသားစုတွေနဲ့ မနေ့ညနေပိုင်းက တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်လေဆိပ်ကို ရောက် ရှိလာတဲ့ ကိုမင်းနိုင်နဲ့ ကိုကိုကြီးတို့ကို လာရောက်ကြို ကြသော မြန်မာမိသားစုများနဲ့အတူတွေ့ရပုံ photo: 88 Facebook

အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ မြန်မာမိသားစုတွေနဲ့ မနေ့ညနေပိုင်းက တွေ့ဆုံခဲ့ကြပါတယ်။

ဖို့ဝိန်းမြို့ ဇေတဝန်ကျောင်းမှာ တွေ့ဆုံပွဲကျင်းပခဲ့ရာမှာ ပရိသတ်လေးရာကျော် တက်ရောက်ခဲ့ကြပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ နားထောင်တတ်သူတွေဖြစ်ဖို့လိုကြောင်း ကိုကိုကြီးက ပြောကြားခဲ့ပါတယ်။

"ကျနော်တို့လည်း ကိုယ့်ကိုယ်ကို ပြန်သတိထားရတယ်၊ အပြောသမားတွေကြီးပဲမဖြစ်ဖို့ နားထောင်တဲ့သူတွေ နားထောင်တဲ့ ယဉ်ကျေးမှုထွန်းကားအောင် ကျနော်တို့ ဆက်ပြီးတော့ ကြိုးစားကြရပါမယ်၊ နယ်တွေသွားတဲ့အခါမှာ အထူးသဖြင့် နယ်ကလူတွေလက်ထဲကို မိုက်ထိုးပေး ခင်ဗျားတို့ပြောပါ၊ ပြောတတ်သလိုပြောပါ"

ကိုမင်းကိုနိုင်ကလည်း အများအကျိုးအတွက် လူမသိသူမသိ ဆောင်ရွက်ခဲ့ကြသူတွေရှိကြောင်း ကိုယ်တွေ့နဲ့ယှဉ်ပြီး ပြောကြားခဲ့ပါတယ်။ ဟောပြောအပြီးမှာ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ကြပါတယ်။

တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ဖို့ဝိန်းမြို့ကို သွားရောက်သတင်းယူနေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုးကို ဦးသစ်ဆင်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org