ဝါရှင်တန်မှာ မြန်မာ့အရေး လျှိ့ဝှက်ဆွေးနွေး

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်ရှိ CSIS နိုင်ငံတကာလေ့ လာရေးနဲ့ မဟာဗျူဟာဌာန မှာ မြန်မာပြည် ဆိုင်ရာ လျှိ့ဝှက်ဆွေးနွေးပွဲတစ်ခုကို အမေရိကန်စံချိန် တနင်္လာနေ့မနက် မြန်မာစံတော်ချိန် တနင်္လာနေ့ ညပိုင်းမှာ ကျင်းပမယ်လို့ ခိုင်လုံတိကျတဲ့ သတင်းရပ်ကွက်တစ်ခုက RFA ကို ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်ရှိ CSIS နိုင်ငံတကာလေ့လာရေးနဲ့ မဟာဗျူဟာဌာန မှာ မြန်မာပြည်ဆိုင်ရာ လျှိ့ဝှက်ဆွေးနွေးပွဲတစ်ခုကို အမေရိကန်စံချိန် တနင်္လာနေ့မနက် မြန်မာစံတော်ချိန် တနင်္လာနေ့ ညပိုင်းမှာ ကျင်းပမယ်လို့ ခိုင်လုံတိကျတဲ့ သတင်းရပ်ကွက်တစ်ခုက RFA ကို ပြောပါတယ်။

အမေရိကန်၊ တရုတ်နဲ့ မြန်မာနိုင်ငံ သုံးနိုင်ငံအကြား ဆက်ဆံရေး တိုးတက်ဖို့ အဖြေရှာတဲ့အနေနဲ့ ကျင်းပမယ့် အဲဒီ သုံးပွင့်ဆိုင် အထူးဆွေးနွေးပွဲ ကို မြန်မာအစိုးရဖက် က အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ်ကြီးဟောင်း ဦးသန်းဆွေ ဦးဆောင်တက်ရောက် ပါလိမ့်မယ်။

မေမြို့စစ်တက္ကသိုလ်ကနေ ၁၉၇၅ ခုနှစ်မှာ သင်တန်း ဆင်းခဲ့တဲ့ သံအမတ်ကြီးဟောင်း ဦးသန်းဆွေဟာ အမေရိကန်နဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေး တိုးတက်မှှုကို လိုလားသူဖြစ်ပြီး အမေရိကန်ထိပ်တန်းအရာရှိတွေနဲ့လည်း ရင်းနှီးသူဖြစ်ပါတယ်။ သံအမတ်ကြီး အဖြစ် ဝါရှင်တန်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်က သူ့ရဲ့တင်ပြချက်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်ဖက်က မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေရှိခဲ့တာကို မကျေနပ်တဲ့အတွက်  ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်မှာ ရာထူးက နုတ်ထွက် သွားခဲ့ပါတယ်။ ဒါပေမယ့် သမ္မတကြီး ဦးသိန်းစိန်က သူ့ရဲ့ စေတနာနဲ့ အရည်အချင်း ကို နှစ်သက်သဘောကျတဲ့ အတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက် တာဝန်ပေးထားတာဖြစ်တယ်လို့ မြန်မာအစိုးရ အသိုင်းအဝန်းက ပြောပါတယ်။

အခု ဝါရှင်တန် ဒီစီရှိ CSIS မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်မယ့် တခြားသူတွေထဲမှာ အရင်က ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ခေါင်းဆောင်တွေဖြစ်ခဲ့ကြတဲ့ ဒေါက်တာ ဦးဇော်ဦး၊ ဦးဝင်းမင်း၊ ဦးအောင်သူငြိမ်း၊  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံအဖြစ် ၁၉၉၉ ကနေ ၂ဝဝ၂ ခုနှစ်အထိ တာဝန်ယူခဲ့ဖူးတဲ့ Priscilla A. Clapp ပရစ်စီလာ ကလက်ပ် နဲ့ Open Society Foundation က မြန်မာပြည်ဆိုင်ရာ ညွှွန်ကြားရေးမှူး Maureen Aung Thwin မော်ရင်း အောင်သွင်တို့ ပါဝင်တယ်လို့ သတင်းရပါတယ်။

မြန်မာ၊ အမေရိကန်နဲ့ တရုတ် အရာရှိတွေ ပညာရှင်တွေ တက်ရောက်မယ့် အဲဒီ သီးသန့်ဆွေးနွေးပွဲဟာ အထူး အရေးကြီးတဲ့အတွက် တခါးပိတ်ကျင်းပမှာဖြစ်ပြီး သတင်းမီဒီယာတွေ လာရောက်ခွင့်မပြုဘူးလို့ အမည်မဖေါ်လိုတဲ့ မြန်မာကိုယ်စားလှယ်တဦးက RFA ကိုပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org