ပိတ်မိနေတဲ့ အလုပ်သမားတွေ ကို မြန်မာသံရုံးအရာရှိတွေ မနက်ဖြန်တွေ့မည်

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေက ရန်ပြုတာကြောင့် ပိတ်မိနေ တဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတွေနဲ့ အလုပ်သမားအေ ဂျင်စီက ကိုယ်စားလှယ်တွေ မနက်ဖြန်မှာ သွားရောက်တွေ့ ဆုံမယ်လို့ သိရပါတယ်။

ဂိုထောင်တစ်ခုအတွင်းမှာ ပုန်းအောင်းနေတဲ့ မြန်မာ အလုပ်သမားများကို ဒီဇင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ် photo: Internet

မလေးရှားနိုင်ငံ  ဆာရာဝပ်ပြည်နယ်၊ မီရီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားတွေက ရန်ပြုတာကြောင့် ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၉၈ ယောက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သံအရာရှိတွေနဲ့ အလုပ်သမားအေဂျင်စီက ကိုယ်စားလှယ်တွေ မနက်ဖန်မှာ သွားရောက်တွေ့ဆုံ မယ်လို့ သိရပါတယ်။  

အဲဒီဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ တွေ့ဆုံပြီးမှသာ အကြောင်းစုံ ကိုပြောနိုင်မယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံး က မြန်မာအလုပ်သမားကိစ္စတွေကို တာဝန်ယူဖြေရှင်းပေးနေတဲ့ ဦးစိုးဝင်းက RFA ကို အခုလို ပြောပါတယ်။

"တွေ့တဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ပြောမှရမှာ၊ အခုလောလောဆယ်ကတော့ အမျိုးမျိုးပြောနေကြတာ၊ အလုပ်သမားဘက်က တစ်မျိုးပြောလိုက်၊ အလုပ်ရှင်ဘက်က တစ်မျိုးပြောလိုက်၊ မီဒီယာတွေက ပြောလိုက်ဆိုတော့၊ သူတို့စာချုပ်ချုပ်ထားတာ ဘယ်လိုချုပ်ထားတာလဲ၊ ဒီစာချုပ်တွေကို ကျနော်တို့ကကြည့်ပြီးတော့မှ မျက်နှာချင်းဆိုင်တွေ့ ပြီးတော့မှ မေးမြန်းပြီးတော့ စာရွက်တွေထုတ်ခိုင်းပြီးတော့ ဒါမှညှိလို့ရမှာ"

ဘရူနိုင်းနိုင်ငံနယ်စပ်အနီး မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်၊ ရှင်ယန်းသင်္ဘောကျင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ညနေက ဈေးဝယ်ထွက်ချိန်မှာ အင်ဒိုနီးရှားအလုပ်သမားတွေရဲ့ ရန်ပြုခံခဲ့ကြရတာဖြစ်ပါတယ်။

အဲဒီနောက် အခြေအနေပိုဆိုးလာခဲ့ပြီး သင်္ဘောကျင်းက မြန်မာအလုပ်သမား ၉၈ ယောက် ဂိုဒေါင်တစ်ခုမှာ ပုန်းအောင်းနေရတာ ၅ ရက်မြောက် ရှိပြီဖြစ်ပါတယ်။

အဲဒီအလုပ်သမားတွေကို မလေးရှားနိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် အာဘာဖီကုမ္ပဏီက ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org