မြန်မာသံတမန် ၁၁ ဦး နိုင်ငံခုနှစ်ခုမှာ CDM လုပ်နေ
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် အမေရိကန် နိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံက မြန်မာသံတမန် ၁၁ ဦးဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ တယ်လို့ ဦးကျော်မိုးထွန်းက တနင်္လာနေ့ကပြောတဲ့အကြောင်း South China Morning Post သတင်းမှာ မနေ့က ဖော်ပြပါတယ်။
- 2021-06-29
-
-
-
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပါအဝင် အမေရိကန်နိုင်ငံနဲ့ ဆွစ်ဇာလန်နိုင်ငံက မြန်မာသံတမန် ၁၁ ဦးဟာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက တနင်္လာနေ့ကပြောတဲ့အကြောင်း South China Morning Post သတင်းမှာ မနေ့ကဖော်ပြပါတယ်။
စစ်အာဏာသိမ်းပြီး အကြမ်းဖက် ဖိနှိပ်ရက်စက်မှုတွေ ရှိလာပြီးနောက်ပိုင်း နိုင်ငံပေါင်း ခုနှစ်နိုင်ငံမှာ အမှုထမ်းနေတဲ့ သံတမန် ၂၀ လောက်ထဲက ဦးကျော်မိုးထွန်း အပါအဝင် သံတမန် ၁၁ ဦးဟာ CDM လှုပ်ရှားမှုမှာ ပါဝင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မြန်မာသံရုံးဝန်ထမ်းတွေထဲက ဝါရှင်တန်ဒီစီသံရုံးက လေးဦးနဲ့ လော့စ်အိန်ဂျယ်လိစ် မြို့က သုံးဦးတို့ဟာ အမေရိကန်အစိုးရက အကာအကွယ်ပေးထားတဲ့ ယာယီနေထိုင်ခွင့် ရရှိထားပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာရှိတဲ့ သံတမန်တွေဟာလည်း ဆွစ်ဇာလန်အာဏာပိုင်တွေဆီမှာ နေထိုင်ခွင့် တောင်းခံထားပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ကျန်တဲ့ မြန်မာသံရုံးဝန်ထမ်းတွေက ကနေဒါ၊ ဂျာမဏီ၊ ပြင်သစ်၊ အစ္စရေးနဲ့ ဂျပန်နိုင်ငံတွေက ဖြစ်ကြပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ဂျပန်နိုင်ငံမှာ လက်သုံးချောင်းထောင် ဆန္ဒပြခဲ့တဲ့ မြန်မာလက်ရွေးစင် ဘောလုံးသမား ပြည့်လျှံအောင်ကိုလည်း အလေးပြုလိုက်တဲ့အကြောင်းနဲ့ သူဟာ မြန်မာနိုင်ငံက အခြေအနေကို ကမ္ဘာက သိအောင် ဆောင်ရွက်ခဲ့သူဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။