မြန်မာကို ဂျပန် အကူအညီတွေ ထပ်ပေး

မြန်မာနိုင်ငံမှာ မဟာလျှပ်စစ် ဓါတ်အားပေးကြိုးလိုင်းတွေ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံက ယန်း ၂၄ ဘီလီယံ ထပ်မံ ချေးငှားမယ်လို့ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးကပြော ပါတယ်။

လျှပ်စစ်ဓါတ်အားပေးတိုင်တစ်ခုကို တွေ့ရစဉ် .

မြန်မာနိုင်ငံမှာ မဟာလျှပ်စစ် ဓါတ်အားပေးကြိုး လိုင်းတွေ တည်ဆောက်ရေးအတွက် ဂျပန်နိုင်ငံက ယန်း ၂၄ ဘီလီယံ ထပ်မံချေးငှားမယ်လို့ မြန်မာနိုင်ငံ ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးကပြော ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံ ခဲ့ရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှိဒါ  က ပြောကြားလိုက်တာပါ။

ဖူမီယိုကီရှိဒါဟာ တနင်္ဂနွေနေ့က မြန်မာနိုင်ငံ ကို ရောက်ရှိလာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

လျှပ်စစ်ကဏ္ဍအပြင်  မြန်မာ့ရထားပို့ဆောင်ရေးလုပ်ငန်းနဲ့ ကျန်းမာရေးကဏ္ဍတွေမှာလည်း အဆင့်မြင့် ကိရိယာတွေ တပ်ဆင်ဖို့အတွက် ယန်းငွေ ၈ ဘီလီယံ ချေးငှားမယ်လို့ ကီရှီးဒါးက ပြောပါတယ်။  ဒါ့ပြင် နှစ်နိုင်ငံအကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရတက်လာပြီးတဲ့နောက် ဂျပန်အစိုးရဟာ အရှေ့တောင် အာရှနိုင်ငံတွေနဲ့ နီးကပ်အောင် ကြိုးပမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ အရင်ကတည်းက ဆက်ဆံမှုရှိခဲ့တဲ့ဂျပန်နိုင်ငံဟာ  မြန်မာ့ဘဏ္ဍာရေးစနစ် ကမ္ဘာနဲ့ ထိတွေ့နိုင်ဖို့အတွက် ယန်းငွေ ၁၆ဝ ဘီလီယံ ထောက်ပံ့ကူညီခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယို ကီရှိဒါ က  ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ ကျဆုံးသွားခဲ့ကြတဲ့ ဂျပန်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေ  ပြန်လည်ရှာဖွေရေးလုပ်ငန်းတွေမှာ ကူညီပံ့ပိုးပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org