ငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၁၆၄၄ ဦးရှိလာ
ဒီအပြင် ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
-
RFA Burmese
2025-03-29 -
-
-
မန္တလေးမြို့တွင် ငလျင်ကြောင့် အဆောက်အအုံပျက်တွေကြား ပိတ်မိနေသူများအား မတ်လ ၂၉ ရက်က ကယ်ဆယ်ရေးလုပ်နေစဉ်။
Myanmar Rescue Federation
မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နိုင်ငံတစ်ဝန်းမှာ လူ၁၆၆၄ ဦးသေဆုံးသွားပြီလို့ စစ်ကောင်စီက မတ်လ ၂၉ ရက် ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။
ဒီအပြင် ဒဏ်ရာရရှိသူ ၃၄၀၈ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ မြေငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နေရာတွေ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ ဒေသခြောက်ခုကို စစ်ကောင်စီက မတ်လ ၂၈ ရက်မှာ အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတကာအကူအညီတွေကိုလည်း စစ်ကောင်စီက တောင်းခံထားပါတယ်။