မြန်မာ့နွေဦးလှုပ်ရှားမှု အမေရိကန်ထောက်ခံဟု ညွှန်မှူးဦးဇော်ဌေး ပြောဆို

မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော် လာရောက်လည်ပတ်ဖို့ အခုလိုဖိတ်ကြားခဲ့တာဟာ အာရပ် ကမ္ဘာမှာဖြစ်ပေါ်ခဲ့တဲ့ နွေဦးတော်လှန်ရေးနည်းတူ မြန်မာ့နွေဦးလို့ တင်စားရမယ့် မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုတွေကို အမေရိကန်ပြည်ထောင်စုက ထောက် ခံကြောင်းပြသလိုက်တဲ့ သမိုင်းဝင်အဖြစ်အပျက်ပါပဲလို့ နိုင် ငံတော်သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောဆို လိုက်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ကို အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော် လာရောက်လည်ပတ်ဖို့  အခုလိုဖိတ်ကြားခဲ့တာဟာ အာရပ်ကမ္ဘာမှာဖြစ်ပေါ်ခဲ့တဲ့ နွေဦးတော်လှန်ရေးနည်းတူ မြန်မာ့နွေဦးလို့ တင်စားရမယ့် မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း ပြသလိုက်တဲ့ သမိုင်းဝင် အဖြစ်အပျက်ပါပဲလို့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက  ပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အခုခရီးစဉ်ဟာ မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကနေ နောက်ပြန်မလှည့်ဘူးဆိုတာကို ထပ်မံထင်ရှားစေတဲ့ လက္ခဏာတစ်ခုဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောဆိုကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်သူက မြန်မာ့နွေဦးဟာ အာရပ်ကမ္ဘာရဲ့နွေဦးထက် ပိုမိုခိုင်မာပီပြင်ကြောင်း၊ မြန်မာ့နွေဦး ဒီမိုကရေစီလှုပ်ရှားမှုဟာ အမေရိကန်ပြည်ထောင်စုက ကမ္ဘာအနှံ့အပြားမှာ ပျံ့ပွားတိုးတက်အောင် အားထုတ်ကြိုးပမ်းနေတဲ့ တန်ဖိုးလက္ခဏာတွေကို အနှစ်သာရအားဖြင့် ထင်ဟပ်နေကြောင်းလည်း ပြောဆိုတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ သမ္မတရုံးညွှွန်ကြားရေးမှူး ဦးဇော်ဌေးက အခုခရီးစဉ်ဟာ သမ္မတကြီးရဲ့ ဦးဆောင်မှုကဏ္ဍနဲ့ ပြုပြင်ရေးဆောင်ရွက်မှုတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးကြောင်း ထင်ရှားစေသလို  သူ့အနေနဲ့ ဘယ်တော့မှ နောက်ကြောင်းပြန်လည့်မှာ မဟုတ်ဘူးဆိုတာကိုလည်း သမ္မတကြီးက အခိုင်အမာ ပြောဆိုခဲ့ပြီးဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲမွဲတေမှုလျော့ပါရေးစတဲ့ ကဏ္ဍစုံဖွံ့တိုးတက်ရေးအတွက် အများကြီးပံ့ပိုးကူညီနိုင်တဲ့ နိုင်ငံကြီးဖြစ်တာနဲ့အညီ သမ္မတကြီးရဲ့ အခုအိမ်ဖြူတော်ခရီးစဉ်အတွင်း ဒီကိစ္စတွေကို အောင်မြင်စွာဆွေးနွေး ပြောဆိုနိုင်ကြမယ်လို့ မျှော်လင့်ပါကြောင်း ပြောဆိုပါတယ်။  ဒါ့အပြင် ပြုပြင်ပြောင်းလဲမှုတွေကိုဆောင်ရွက်ရာမှာ မိမိတို့မြန်မာအစိုးရ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အမေရိကန်လွှတ်တော်အမတ်တွေအနေနဲ့ နားလည်သဘောပေါက်နိုင်ကြမယ်လို့ မျှော်လင့်ပါကြောင်းလည်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့တယ်လို့ မနေ့ကရရှိတဲ့ အေအက်ဖ်ပီ သတင်းမှာဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်ပြီး ဝန်ကြီးတချို့နဲ့ တပ်မတော်ထိပ်တန်းအရာရှိတချို့လိုက်ပါလာတဲ့အဖွဲ့ဝင် ၆ဝ ကျော်ရှိ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုကို ဒီကနေ့ မေလ ၁၈ ရက်နေ့ရောက်ရှိမှာဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ သမ္မတ အိုဘားမား မေလ ၂ဝ ရက်နေ့ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org