တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို နယ်စပ်ဖြတ်ကျော် မှုခင်းနှိမ်နင်းရေးဆွေးနွေးခဲ့

အွန်လိုင်း ဒုစရိုက်ဂိုဏ်းက လူ ထောင်နဲ့ချီဖမ်းဆီးမိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောတယ်လို့ ဘရာဇီးလ်သတင်းဌာနက ပြောပါတယ်။

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ဂျင် (Lin Jian) ကို တွေ့ရစဉ်။ REUTERS

နယ်စပ်ဖြတ်ကျော် မှုခင်းတွေ ပူးပေါင်းတိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီလအစောပိုင်းက အလွတ်သဘော ဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ဂျင် (Lin Jian) က သြဂုတ် ၂၆ ရက်က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘရာဇီးလ်သတင်းဌာနက မေးမြန်းတာကို ဖြေကြားတာပါ။

အဲအစည်းအဝေးမှာ ဒီလိုပူးပေါင်းဆောင်ရွက်တဲ့အတွက် အွန်လိုင်း ဒုစရိုက်ဂိုဏ်းက လူ ထောင်နဲ့ချီဖမ်းဆီးမိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောတယ်လို့ ဘရာဇီးလ်သတင်းဌာနက ပြောပါတယ်။

ဒီထဲ လာအိုမှာ လုပ်ကိုင်နေတဲ့ တရုတ်လူမျိုးတွေကို မူရင်း နိုင်ငံပြန်လွှဲပြောင်းပေးလိုက်တယ်လို့ Bloomberg သတင်းမှာ ပါတယ်လို့ပြောပြီး အရှေ့တောင်အာရှက အွန်လိုင်းဒုစရိုက်ဂိုဏ်းတွေမှာ ဘရာဇီးလ်နိုင်ငံသားတွေပါ ပါရှိနေပါသလားလို့ မေးမြန်းတာပါ။

အွန်လိုင်းလောင်းကစား၊ မူးယစ်ဆေးဝါးမှောင်ခိုမှု၊ လူကုန်ကူးမှုစတဲ့ ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းသလို ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်အောင်လည်း ဆောင်ရွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ဖြေကြားပါတယ်။

ဘရာဇီးလ်နိုင်ငံသားတွေ ပါ၊ မပါ မေးခွန်းကိုတော့ သက်ဆိုင်ရာ တရုတ်အာဏာပိုင်တွေကို မေးမြန်းဖို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org