တရုတ်ကနေ အခွန်မဲ့ပစ္စည်းတွေ သယ်မလာဖို့ မူဆယ်နယ်စပ်မှာ သတိပေး

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေအနေနဲ့ အကောက်ခွန်မဲ့ပစ္စည်း တွေ သယ်မလာဖို့ မြန်မာဘက် အကောက်ခွန် တာဝန်ရှိသူတွေက မူဆယ်မြို့ နန်း တော်ဂိတ်ပေါက်မှာ သတိပေးနေတယ်လို့ မူဆယ် မြို့ဒေသခံကတွေက RFA ကို ပြောပါတယ်။

တရုတ် - မြန်မာ နယ်စပ် နန်းတော်ဂိတ်ပေါက်ကို တွေ့ရစဉ်

တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေအနေနဲ့ အကောက်ခွန်မဲ့ပစ္စည်းတွေ သယ်မလာဖို့ မြန်မာဘက် အကောက်ခွန် တာဝန်ရှိသူတွေက မူဆယ်မြို့ နန်းတော်ဂိတ်ပေါက်မှာ သတိပေးနေတယ်လို့ မူဆယ် မြို့ဒေသခံကတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်ကစပြီး ပါလာတဲ့ပစ္စည်းတွေကို စစ်ဆေးနေသလို အောက်တိုဘာလ ၂၄ ရက် မနေ့မှာတော့ နန်းတော်ဂိတ်ပေါက်မှာ အကောက်အခွန်မဲ့ ပစ္စည်းတွေသယ်မလာဖို့ စာတွေစကပ်ပြီး ပစ္စည်းသယ်လာသူတွေ ကိုလည်း သတိပေးနေတာလို့ ဆိုပါတယ်။

လက်ရှိ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်ဖွင့်ဖို့ သဘောတူညီချက်မရသေးခင်မှာ တရုတ်ဘက်ကနေ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် တန်ဖိုးကြီးဖုန်းတွေကို စီးပွားဖြစ်ပြန်လည်တင်သွင်းလာမှာစိုးလို့ အခုလို ကန့်သတ်တာဖြစ်နိုင်ကြောင်း မူဆယ်နယ်စပ်မှာနေထိုင်တဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ဧပြီကတည်းက ကိုဗစ်ရောဂါအကြောင်းပြချက်နဲ့ နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံက ပိတ်ခဲ့တာဖြစ်သလို ပြန်လာမယ့်သူတွေကိုလည်း အဝတ်အစားတွေသာ သယ်ခွင့်ပေးပြီး ဆိုင်ကယ်၊ ကားနဲ့ တခြားပိုင်ဆိုင်မှု ပစ္စည်းတွေကို သယ်ခွင့်မပြုခဲ့ပါဘူး။

အဲဒီနောက်ပိုင်း ပရဟိတအဖွဲ့တွေနဲ့ မြန်မာဘက်တာဝန်ရှိသူတွေရဲ့ တောင်းဆိုမှုကြောင့် ဇူလိုင် ၂၃ ရက်နေ့က စပြီး စနေနဲ့ တနင်္ဂနွေနေ့ကလွဲလို့ ကျန်တဲ့ရက်တွေ နန်းတော်ဂိတ်ကို ပြန်ဖွင့်ပေးထားတာပါ။

အောက်တိုဘာလ ၂၅ ရက် ဒီနေ့မှာတင် တရုတ်ကနေ မြန်မာနိုင်ငံကို ပြန်လာသူ ၂၁၈ ဦးရှိခဲ့ပြီး ဇူလိုင်လကနေ ဒီကနေ့အထိ ၁၃၀၀၀ ကျော်ရှိနေပြီလို့ မူဆယ်မြို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကွန်ယက် စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org