မြန်မာ့ အပြောင်းအလဲမှာ အတိုက်အခံ ပိုမိုပါဝင်နိုင်ဖို့ G8 တိုက်တွန်း

မြန်မာနိုင်ငံမှာ အစိုးရသစ်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်နေတာတွေကို ကြိုဆိုပေမယ့် မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံ မှုတွေ ဖြတ်တောက်ဖို့လိုကြောင်း G8 ခေါ် စီးပွားရေး အင်အားကြီး ၈ နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက် နေတာတွေကို ကြိုဆိုပေမယ့် မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေ ဖြတ်တောက်ဖို့လိုကြောင်း G8 ခေါ် စီးပွားရေးအင်အားကြီး (၈) နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့မှာ မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ကျင်းပတဲ့ G8 နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ တိုက်တွန်းလိုက်တာပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ဝိုင်းဝန်းကူညီကြဖို့၊ အမျိုးသား ရင်ကြား စေ့ရေး၊ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိလွှတ်ပေးရေး၊ လူမျိုးစုတွေနဲ့ တိုက်ခိုက်နေတာတွေ၊ ဒုက္ခသည်တွေဆီ  အကူအညီတွေရောက်ရှိရေးစတဲ့ ကိစ္စတွေမှာ NLD အပါအဝင် အတိုက်အခံအင်အားစုတွေ ပိုမိုပါဝင်ဆောင်ရွက်နိုင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ တစ်နိုင်ငံချင်းအလိုက်၊ ဒေသအလိုက်နဲ့ နိုင်ငံစုံအကျုံးဝင်တဲ့ ပြဿနာတွေကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် ရိုက်ခတ်လာနိုင်တဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ကြပါတယ်။

ဒါ့ပြင် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းက နိုင်ငံရေးအသွင်ကူးပြောင်းမှုတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ အီရန်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန် ပြဿနာ၊ အကြမ်းဖက်ဝါဒ၊ ရေပိုင်နက်အငြင်းပွားမှု၊ နိုင်ငံစုံချိတ်ဆက်ထားတဲ့ ရာဇဝတ်ဂိုဏ်းတွေစတဲ့ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org