မြန်မာစီးပါွးရေး ၈.၅ % တိုးတက်နိုင်ကြောင်း IMF ခန့်မှန်း

မြန်မာနိုင်ငံမှာ အခုဘဏ္ဍာရေးနှစ်အတွင်း စီးပွါးရေးတိုးတက်နှုန်း ၈ ဒသမ ၅ ရာ ခိုင်နှုန်းထိ ရောက်သွား နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ IMF ကပြော လိုက်ပါတယ်။ အရင်က ၇ ဒသမ ၇ ရာခိုင်နှုန်းတိုးတက် မယ်လို့ခန့်မှန်းပြောဆိုထားရာကနေ ပိုပြီးတိုးတက်မယ့် အကြောင်းပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ အခုဘဏ္ဍာရေးနှစ်အတွင်း စီးပွါးရေးတိုးတက်နှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းထိ ရောက်သွား နိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ IMF ကပြောလိုက်ပါတယ်။ အရင်က ၇ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်မယ် လို့ခန့်မှန်းပြောဆိုထားရာကနေ ပိုပြီးတိုးတက်မယ့်အကြောင်းပြောလိုက်တာပါ။

ဒါပေမယ့် ငွေကြေးဆိုင်ရာလုပ်ငန်းပိုင်းတွေမှာ လုပ်ပိုင်ခွင့်ဖွင့်ပေးတာတွေနဲ့ပတ်သက်လို့သတိထားဖို့ လိုတယ် လို့ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ မစ္စတာ Matt Davies က၊ အစိုးရ အနေနဲ့ငွေချေးငှါးတာတွေကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့လိုအပ်ပြီး၊ ဗဟိုဘဏ်မှာ တိုင်းပြည်ရဲ့အရန်ငွေကြေး ရန်ပုံငွေ နည်းနေတယ်လို့ပြောပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ လုပ်အားခ ဈေးနှုန်းသက်သာတဲ့ ကုန်လုပ်စွမ်းအားစု အမြောက်အများရှိနေတဲ့အတွက် အနာဂါတ်ဟာတောက်ပ လာမယ်လို့ထင်မြင်ယူဆကြောင်း IMF အကြီးအကဲ Davies ကပြောပါတယ်။

အခုလို တိုင်းပြည်စီးပွါးရေး တိုးတက်နှုန်းမြင့်နိုင်တယ်ဆိုပေမယ့် မြန်မာပြည်သူတွေရဲ့ ဘဝတွေ တိုးတက်ဖို့ဆို ရင် ပြည်သူတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကဏ္ဍတွေမှာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေများလာဖို့လိုအပ် တယ်လို့ စီးပွါးရေးသုတေသီ ဦးစိန်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်က အော်ရီဒူးနဲ့ တယ်လီနောဆက်သွယ်ရေးကုမ္ပဏီကြီး ၂ ခုရင်းနှီးမြှုပ်နှံဖို့ အစိုးရကခွင့်ပြု လိုက်ပြီး၊ ဒီနှစ်မှာတော့ ရေနံနဲ့သဘာဝဓါတ်ငွေ့ထုတ်မယ့် Royal Dutch, Shell, Statoil, Conoco Phillips နဲ့ Total ကုမ္ပဏီတို့ကိုခွင့်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံက သဘာဝ ဓါတ်ငွေ့ရောင်းရငွေဟာ မနှစ်က အမေရိ ကန်ဒေါ်လာ သန်း ၃ ထောင့် ၇ ရာရှိတယ်လို့သိရပါတယ်။

အပြည်ပြည်ဆိုင်ရာငွေကြေးရံပုံငွေအဖွဲ့ IMF က မြန်မာနိုင်ငံမှာ စီးပွါးရေးတိုးတက်နှုန်း ၈ ဒသမ ၅ ထိရှိလာနိုင်တယ် လို့ဆိုပေမယ့် မြန်မာပြည်သူတွေရဲ့ ဘဝအပြောင်းအလဲမရှိသေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ စီးပွါးရေးသုတေသီ ဦးစိန်ဌေး ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထား ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org