မြန်မာ့အနုပညာလက်ရာတွေ နယူးယောက်မှာ ပြမည်

မြန်မာနိုင်ငံက ဗုဒ္ဓသာဿနာ ဆိုင်ရာ အနုပညာလက်ရာတွေကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Asia Society ပြတိုက်မှာ ပထမဆုံးအကြိမ် ပြသတော့မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဗုဒ္ဓသာဿနာ ဆိုင်ရာ အနုပညာလက်ရာတွေကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ Asia Society ပြတိုက်မှာ ပထမဆုံးအကြိမ် ပြသတော့မှာဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ကနေ မေလ ၁၀ ရက်နေ့အထိ ပြသမှာဖြစ်ပြီး၊ ကျောက်၊ ကြေး၊ ယွန်းထည်၊ ချည်ထည်၊ ပန်းချီကားတွေ စုစုပေါင်း အနုလက်ရာ အမျိုးအစား ၇ဝ ပြသမယ်လို့သိရပါတယ်။

ဒါ့ပြင် အေဒီ ငါးရာစုကနေ ၂၀ ရာစုအထိ မြန်မာနိုင်ငံမှာ အသုံးပြုခဲ့တဲ့ ရိုးရာယုံကြည်မှုဆိုင်ရာ အသုံးပြုတဲ့ပစ္စည်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org