မုံရွာ ပစ်ခတ်မှု ခေါင်းထိမှန်သူ တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဧပြီလ ၁ ရက်နေ့ ဒီနေ့ နေ့လယ် ၃ နာရီက ကျောက္ကာ လမ်းနဲ့ သီတာလမ်းထောင့်မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ် ပစ်ခတ်ဖြိုခွင်းရာ လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာ ၂၀၂၁ ဧပြီ ၁ ရက်နေ့က ဦးခေါင်းကျည်ထိမှန်သူတစ်ဦးကို သယ်ဆောင်လာစဉ် Photo: CJ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဧပြီလ ၁ ရက်နေ့ ဒီနေ့ နေ့လယ် ၃ နာရီက ကျောက္ကာလမ်းနဲ့ သီတာလမ်းထောင့်မှာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ် ပစ်ခတ်ဖြိုခွင်းရာ လူငယ်တစ်ဦး ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးသွားတယ် လို့ မျက်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

ကနဦးသတင်းတွေအရ မုံရွာမြို့မှာ ကျည်ထိမှန်သူ နှစ်ဦးထက်မနည်းရှိပြီး ယခုအချိန်အထိ ပစ်ခတ်မှုတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။

မုံရွာမြို့မှာ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံးသူအယောက် ၂၀ ကျော်ရှိနေပြီး ဆန္ဒပြတာတွေလည်း နေ့စဉ်ရှိနေဆဲပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org