အပစ်ရပ် စောင့်ကြည့်ရေးအဖွဲ့ မွန်ပြည်နယ် ဖွဲ့စည်း


2016.06.30
jmcs-620.jpg ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) အစည်းအဝေးကို ၂ဝ၁၆ ဇွန်လ ၃ဝ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပစဉ်
Photo: Joint Ceasefire Monitoring Committee(facebook)

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA သဘောတူစာချုပ်ကို လိုက်နာမှုရှိမရှိ လေ့လာစောင့်ကြည့်မယ့် မွန်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ကို ဒီကနေ့ မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စာချုပ်ပါအတိုင်းလိုက်နာဖို့၊ ဖောက်ဖျက်လာပါ က ညှိုနှိုင်းဆောင်ရွက်ပေးဖို့ ဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ဒုတိယဥက္ကဌ ၂ ဒေါက်တာ မင်းနွယ်စိုးက ပြောပါတယ်။

"NCA မှာပါတဲ့ စည်းကမ်းချက်တွေ ရှိတယ်လေ၊ အပစ်ခတ်ရပ်စဲထားတဲ့ကာလ ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဒီဘက်က တပ်ရှိမယ်၊ ဟိုဘက်က လက်နက်ကိုင် အဖွဲ့အစည်းတွေရှိမယ်၊ ဒီနှစ်ဦးကြားထဲမှာ ပြဿနာမဖြစ်ဘဲ နဲ့ အေးအေးဆေးဆေးသွားစေချင်တယ်၊ တပ်ပိုင်းဆိုင်ရာရယ် ကျင့်ဝတ်ပေါ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်းတွေကို လိုက်နာဖို့ရယ်၊ နောက်ဖောက်ဖျက်တာ တစ်ခုခုတွေ့လို့ရှိရင်လည်း ဒါကိုညှိနှိုင်းတဲ့နည်းနဲ့ ပြန် ညှိနှိုင်းဖို့ပေါ့"

ဒီအဖွဲ့မှာ အစိုးရတပ်ဘက်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်နယ်လုံဝန်ကြီး၊ ပြည်နယ်ရဲချုပ် အပါအဝင် ၅ ဦးတို့ဖြစ်ကြပြီး တိုင်းရင်းသားလက်နက်ကိုင်ဘက်က ရွေးချယ်ပေးတဲ့ ၅ ဦးနဲ့ နှစ်ဘက်စလုံးက ရွေး ချယ်ထားတဲ့ အရပ်သားကိုယ်စားလှယ် ၄ ဦး စတဲ့ ၁၄ ဦး ကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ အစိုးရနဲ့ NCA စာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တစ်ဖွဲ့သာ ရှိပါတယ်။

အလားတူ မနေ့ကလည်း ကရင်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော် မတီ (JMC-S)ကို ဖွဲ့စည်းခဲ့ပြီး ပြီးခဲ့တဲ့ လပိုင်းတွေက ပြည်နယ်နဲ့တိုင်းဆင့်အဖြစ် တနင်္သာရီတိုင်း မြိတ်မြို့နဲ့ ရှမ်းပြည်နယ် ခိုလမ်မြို့တွေမှာ ဖွဲ့စည်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။