မင်းတပ်က ကျန်းမာရေးဝန်ထမ်းအိမ် ပစ်ခတ်ခံရ သားဖြစ်သူ သေဆုံး
ချင်းပြည်နယ် မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်မှာ ဇူလိုင်လ ၂၂ ရက်နေ့ ည ၁၁ နာရီ အချိန်လောက်က ကျန်းမာရေးဝန်ထမ်းတစ်ဦးရဲ့နေအိမ်ကို လက်နက်ကိုင်လူတစ်စု က ဝင်ရောက်ကာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်း ဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူကတော့ သေဆုံးခဲ့ပါတယ်။
- 2021-07-26
-
-
-
၂၀၂၁ ဇူလိုင်လ ၂၂ ရက်နေ့ညက မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်မှာ မီးရှို့ခံရပြီး ပြာကျသွားတဲ့ ကျန်းမာရေးဝန်ထမ်းရဲ့နေအိမ်ကို တွေ့ရစဥ်
Photo: CJ
ချင်းပြည်နယ် မင်းတပ်မြို့ ဘဝသစ်ရပ်ကွက်မှာ ဇူလိုင်လ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန်လောက်က ကျန်းမာရေးဝန်ထမ်းတစ်ဦးရဲ့နေအိမ်ကို လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ကာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ တာကြောင့် ကျန်းမာရေးဝန်ထမ်းဒဏ်ရာရရှိခဲ့ပြီး သားဖြစ်သူကတော့ သေဆုံးခဲ့ပါတယ်။
ကျန်းမာရေးဌာက စာရေးတစ်ဦးဖြစ်တဲ့ ဦးပေါင်ချိန်ဟာ လည်ပင်းကို သေနတ်ဒဏ်ရာနဲ့ ထွက်ပြေးခဲ့ရပြီး သူ့နေအိမ်လည်း မီးလောင်သွားတယ်လို့ အိမ်နီးနားချင်းဒေသခံတွေက RFA ကို ဆိုပါတယ်။
“သေနတ်သံတွေ ပေါက်ကွဲသံတွေကြားရတယ်။ ညသန်းခေါင်အချိန်ဆိုတော့ မာရှယ်လောလည်းရှိနေတော့ ဘယ်သူမှ အပြင်ထွက်မလာရဲကြဘူးလေ။မနက်ခင်း ကျွန်တော်တို့သွားကြည့်တော့ သူ့သားရဲ့အလောင်းပဲ တွေ့တယ်။ အိမ်အောက်ဖက်နားလေးမှာ။”
ဦးပေါင်ချိန်ဟာ မင်းတပ် CDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရာ ကနေ မကြာသေးခင်ရက်ပိုင်းက သူ့နေအိမ်မှာပြန်နေထိုင်တာ မကြာသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
သားဖြစ်သူရဲ့အလောင်းကို ရပ်ကွက်ထဲက ဆွေမျိုးတွေနဲ့ အိမ်းနီးနားချင်းတွေက တာဝန်ယူသင်္ဂြိုဟ်ပေးခဲ့ပြီး အခုချိန်ထိဘယ်အဖွဲ့ရဲ့ လက်ချက်လဲဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။