ရှမ်းပြည်နယ်မှာ ပြည်သူစစ်များ မူးယစ်ရာဇာလက်သစ် ဖြစ်လာ
ရှမ်းပြည်နယ်အတွင်း ပြည်သူစစ်တွေဟာ မူးယစ်ရာဇာတွေအဖြစ် တဖြည်းဖြည်း တိုးများ လာ နေတယ်လို့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်အဖွဲ့က စက်တင်ဘာ ၂၉ ရက် ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။
-
2010-09-29 -
-
-
Your browser doesn’t support HTML5 audio
ရှမ်းသတင်းစဉ် အယ်ဒီတာချုပ်နဲ့ ရှမ်းမူးယစ်ဆေးဝါး စောင့်ကြည့်အဖွဲ့က သုတေသနမှူးတဦး ဖြစ်တဲ့ ဦးခွန်စိုင်းနဲ့အတူ ပလောင်အမျိုးသမီးများအဖွဲ့က မလွေအေးနန်း။ ကချင်သတင်းစဉ်က ကိုနော်ဒင်တို့က Slide show တွေကို ပြသပြီး ရှင်းလင်းခဲ့ကြပါတယ်။
လက်ရှိ ရှမ်းပြည်နဲ့ မြန်မာပြည် မြောက်ပိုင်းဒေသမှာ အစိုးရ ကျောထောက်နောက်ခံ ပြည်သ့ူ့စစ်တွေ တိုးများလာပြီးတဲ့နောက် ပြည်သူ့စစ်တွေဟာ မူးယစ်ရာဇာ လက်သစ်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ဝ တွေ ထုတ်တဲ့ မူးယစ်ဆေးဝါးဆိုပြီး မိခဲ့သမျှတွေဟာ အဲဒီပြည်သူစစ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဆိုပါတယ် ဒါပေမဲ့ ဝ တွေအနေနဲ့ရော လုံးဝ အပြစ်ကင်းတယ်လို့တော့ မပြောလိုဘူးလို့ ဦးခွန်စိုင်းက ပြောသွားပါတယ်။ ပြဿနာတွေဟာ UWSA အနေနဲ့ ၂၀၀၅ ခုနှစ်မှာ သူတို့ဒေသကို မူးယစ်ဆေးကင်းတဲ့ ဒေသအဖြစ် ကြေညာခဲ့ပြီးနောက်ပိုင်းမှာ ဖြစ်လာတာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်အတွင်း စစ်အစိုးရတပ် စုစုပေါင်း ၄၀၀ ကျော် ရှိပြီး ပြည်သူ့စစ် အဖွဲ့ပေါင်း ၁၅၀ ကျော် ရှိနေပါတယ်။ စစ်အစိုးရတပ်တွေ များလာလေ မူးယစ်ဆေးဝါး ပြဿနာတွေ များလာလေ ဖြစ်တယ်လို့ မလွေအေးနန်းက ပလောင်ဒေသက အတွေ့အကြုံတွေနဲ့ တင်ပြပါတယ်။ ကချင်ဒေသက အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်သတင်းဌာနက ကိုနော်ဒင်က တင်ပြပါတယ်။
အရေးအကြီးဆုံး တွေ့ရှိချက် တခုက မူးယစ်ရာဇာတွေဟာ စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲမှာ ပြည်သူလွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ပါဝင်လာတာ ဖြစ်တယ်လို့ တင်ပြသွားကြပါတယ်၊
မြန်မာပြည်မြောက်ပိုင်းမှာ မူးယစ်ရာဇာ အသစ်တွေ တိုးပွားလာနေသလို သူတို့ဟာ ရွေးကောက်ပွဲအပြီး နောက်ပိုင်းမှာ လွှတ်တော်ထဲကို ရောက်လာမဲ့သူတွေ ဖြစ်တယ်လို့ ရှမ်းမူးယစ်စောင့်ကြည့်အဖွဲ့က တင်ပြသွားတဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြထားပါတယ်။
သတင်းတင်ပြးချက်။ |
|
အသံဖိုင်ယူရန် |