NCA ပါစည်းကမ်းချက်တွေ မလိုက်နာရင် အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီ ထုတ်ပြန်
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စပ်ရေးစာချုပ် NCA ပါ စည်းကမ်းချက် မလိုက်နာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် အရေးယူသွားမယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့စွဲနဲ့ အာဏာသိမ်းစစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
- 2021-12-30
-
-
-
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စပ်ရေးစာချုပ် NCA ပါ စည်းကမ်းချက် မလိုက်နာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် အရေးယူသွားမယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့စွဲနဲ့ အာဏာသိမ်းစစ်ကောင်စီ ဘက်က ထုတ်ပြန်ထားပါတယ်။
တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးကို ရှေးရှုပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် NCA သဘောတူညီချက်များကို တိကျစွာ လေးစားလိုက်နာလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ သက်တမ်း တိုးမြှင့်ထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ သဘောတူစာချုပ်ပါ ကတိကဝတ်တွေကို အလေးထား လိုက်နာ ဆောင်ရွက်ဖို့၊ လက်အောက်ခံအဖွဲ့အစည်းတွေအပေါ် မှာလည်း စာချုပ်ပါစည်းကမ်းတွေကို လိုက်နာစေရေး ထိန်းသိမ်းသွားဖို့ တိုက်တွန်းကြောင်းနဲ့ စာချုပ်ပါစည်းကမ်းတွေကို ကျူးလွန် ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တစ်ရက်ထဲမှာပဲ KNU ဥက္ကဋ္ဌ မူတူးစေဖိုးက မတရား လုယူခံထားရတဲ့ အခွင့်အရေးတွေနဲ့ နိုင်ငံရေးစနစ်ကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြဖို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျရောက်မယ့် ၂၇၆၁ ခုနှစ် ကရင့်အမျိုးသားဆိုင်ရာ နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။