စစ်ကြောရေးမှာသေဆုံးတယ်လို့ သတင်းထွက်သူတစ်ဦး မိသားစုနဲ့ အဆက်အသွယ်ပြန်ရ

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက် ရတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြဝတီရပ်ကွက်က သဘင်အနုပညာရှင်ကိုအာကာဖြိုး အပါအဝင် ၆ ဦးကို မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ ထွက်ပေါ်တဲ့သတင်းဟာမဟုတ်ဘူးလို့ ကိုအာကာဖြိုးနဲ့ နီးစပ်သူအသိုင်းအဝိုင်းက RFA ကိုပြောပါတယ်။

သဘင်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ကိုအာကာဖြိုး။ Photo: Citizen Journalist

ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြဝတီရပ်ကွက်က သဘင်အနုပညာရှင်ကိုအာကာဖြိုး အပါအဝင် ၆ ဦးကို မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ ထွက်ပေါ်တဲ့သတင်းဟာမဟုတ်ဘူးလို့ ကိုအာကာဖြိုးနဲ့ နီးစပ်သူအသိုင်းအဝိုင်းက RFA ကိုပြောပါတယ်။

၂၀၂၁ ခုနှစ် နှစ်သစ်ကူးညမှာ ကိုအာကာဖြိုးအပါအဝင် လူငယ် ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး မိသားစုနဲ့အဆက်အသွယ်ပြန်ရတာ ရက်ပိုင်းပဲရှိသေးတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူက ပြောပြခဲ့တာဖြစ်ပါတယ်။

လာရောက်ဖမ်းဆီးချိန်မှာလည်း မိသားစုဝင်တွေကို ခြိမ်းခြောက် ပြောဆိုတာတွေ လုပ်သွားတယ်လို့ သိရပါတယ်။ သူတို့ ၆ ဦး ဖမ်းဆီးခံရချိန် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ရိုင်းစိုင်းစွာ ဆဲခိုင်းတဲ့ အသံတွေနဲ့ Happy New Year အရေးတော်ပုံကျဆုံးရမည် ဆိုပြီး ရွတ်ဆိုခိုင်းတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

သူတို့ ၆ ဦးကို ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေကိုလည်း ဗီဒီယိုဖိုင်မှာ တွေ့မြင်ရပြီး ကိုအာကာဖြိုးရဲ့အင်္ကျီမှာ သွေးကွက်တွေကို တွေ့ရပါတယ်။ ကိုအာကာဖြိုးဟာ သဘင်အနုပညာရှင်တစ်ဦးဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှု ရှိမရှိဆိုတာကို RFA အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org