ပုလဲမြို့မှာ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နှောကန်ရွာအနားမှာ စက်တင်ဘာလာ ၃၀ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ရန်ကုန်မြို့မှာ ၂၀၂၁ မတ်လ ၁ ရက်နေ့က တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နှောကန်ရွာအနားမှာ စက်တင်ဘာလာ ၃၀ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ယောဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စုပေါင်းထားတဲ့ Area-21 Revolution NetworK အဖွဲ့ဝင် ဗိုလ်နဂါးဦးဆောင်တဲ့ ပုလဲမြို့ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီယာဉ်တန်း နှောကန်ရွာနားအရောက် ကျနော်တို့ဘက်က မိုင်းဆွဲလိုက်တာပါ၊ ကားတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ရော တက်လာကြတာ၊ မိုင်းက ခြောက်လုံး အားလုံးပေါက်တယ်၊ ဘယ်လောက်သေလဲ ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် လဲကျသွားတာတွေတော့ လှမ်းတွေ့ခဲ့ရတယ်” လို့ ပုလဲမြို့ကာကွယ် ရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အဲဒီစစ်ကောင်စီယာဉ်တန်းဟာ ပုလဲမြို့နယ်ထဲမှာ ကင်းလှည့်နေတာကြာပြီဖြစ်ပြီး အခုတစ်ကြိမ်က ငါးကြိမ် မြောက် ချီတက်လာတာဖြစ်တယ်လို့ ပုလဲမြို့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မိုင်းပေါက်ကွဲပြီးပြီးချင်း ပုလဲမြို့ကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုအနည်းငယ် ဖြစ်ခဲ့ပေမယ့် အန္တရာယ်ကင်းစွာနဲ့ တပ်ပြန်ဆုတ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီမိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေကို RFA အနေနဲ့ အတည်ပြုလို့ မရသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org