ထီးချိုင့်မှာ စစ်ကောင်စီနဲ့ပေါင်းပြီး သစ်ထုတ်နေတဲ့ကုမ္ပဏီက စက်ယန္တရားတွေကို PDF ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ငပိချောင်းရွာမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သစ်ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုရဲ့ စက်ယန္တရားတွေကို ဒီဇင်ဘာ ၂၇ ရက် မနေ့က မိုင်းခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ HPDF က သတင်းထုတ် ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ငပိချောင်းရွာမှာ ကုမ္ပဏီ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သစ်ထုတ်လုပ်နေတဲ့ စက်ယန္တရားတွေကို ၂၀၂၁ ဒီဇင်ဘာ ၂၇ ရက်က တွေ့ရစဉ် Photo: HPDF - Htee Phyu

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ငပိချောင်းရွာမှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သစ်ထုတ်လုပ်နေတဲ့ ကုမ္ပဏီ တစ်ခုရဲ့ စက်ယန္တရားတွေကို ဒီဇင်ဘာ ၂၇ ရက် မနေ့က မိုင်းခွဲပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF က သတင်းထုတ်ပြန်ပါတယ်။

သစ်သယ်ယာဉ် ၂ စီး၊ သစ်တင်ကရိန်း ၁ စီး၊ သစ်တင်ကလပ် ၃ စီးနဲ့ စက်လှေ ၁ စီး မိုင်းခွဲပြီး မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF – Htee Phyu) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိ ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က အဲဒီကုမ္ပဏီဟာ သစ်တန်ချိန်ပေါင်းများစွာကို ထုတ်ယူခဲ့ပြီး သမ္မတ ဦးဝင်းမြင့် လက်ထက်မှာတော့ သစ်ထုတ်လုပ်ခွင့် ရပ်ဆိုင်းခံထားရလို့ ဆိုပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အဲဒီကုမ္ပဏီဟာ စစ်ကောင်စီနဲ့ပေါင်းပြီး သစ်တန်ချိန် များစွာ ထုတ်ယူနေလို့် အခုလို ဖျက်ဆီးလိုက်တာလို့ ဒေသခံ PDF အဖွဲ့က ပြောပါတယ်။

အဲဒီကုမ္ပဏီနာမည်နဲ့ သစ်တန်ချိန်ဘယ်လောက်ထိ ထုတ်လုပ်ခဲ့တယ်ဆိုတာ RFA အနေနဲ့ သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးသလို ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ထီးချိုင့်မြို့နယ် ရွှေရာသစ်ရွာက လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးပြီး ပစ္စည်းတွေကိုပါ သိမ်းဆည်းခဲ့ကာ လောင်းကစားဝိုင်းတွေ ထပ်မလုပ်ဖို့နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ မလုပ်ဖို့ သတိပေးထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org