မင်္ဂလာတောင်ညွန့်က စစ်ကောင်စီရဲ့ ငံပြာရည်စက်ရုံအနီး ဗုံးနှစ်ကြိမ်ပေါက်

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သံသုမာလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီပိုင် ငံပြာရည်စက်အနီးမှာ စက်တင်ဘာလ ၃ ရက် ဒီနေ့မနက်အစောပိုင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သံသုမာလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီပိုင် ငံပြာရည်စက်အနီးမှာ စက်တင်ဘာလ ၃ ရက် ဒီနေ့မနက်အစောပိုင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက်အစော ၄ နာရီခွဲခန့်မှာ တစ်ကြိမ်နဲ့ ၅ နာရီ ၁၀ မိနစ်ခန့်မှာ နောက်ထပ်တစ်ကြိမ်ပေါက်ကွဲခဲ့ပြီး အသံအတော်ကျယ်တယ်လို့ ကြက်ဘဲဈေးအနီးမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အဲဒီအနားမှာရပ်ထားတဲ့ စစ်ကောင်စီကားတစ်စီး ထိခိုက်မှုရှိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပြီးပြီးချင်း သေနတ်ပစ်သံတွေ ဆက်တိုက်ကြားရတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီဖောက်ခွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်သလဲဆိုတာတော့ မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org