တိုက်ပွဲကြောင့် ထန်တလန်တစ်မြို့လုံးမှာ ဒေသခံ ၂၉ ဦးပဲကျန်
ချင်းပြည်နယ်၊ ထန်တလန်မြို့ထဲမှာ စက်တင်ဘာလ ၁၈ ရက်နေ့ညနေက ချင်းအမျိုးသားတပ် (CNA)၊ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဒေသခံအကုန်လုံးနီးပါး ထွက်ပြေးပုန်းရှောင်နေရပြီး မြို့ထဲမှာ ၂၉ ဦးသာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-09-23
-
-
-
ချင်းပြည်နယ် ထန်တလန်မြို့ထဲမှာ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေက ချင်းအမျိုးသားတပ် (CNA)၊ ချင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ဒေသခံ အကုန်လုံးနီးပါး ထွက်ပြေးပုန်းရှောင်နေရပြီး မြို့ထဲမှာ ၂၉ ဦးသာ ကျန်တော့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
“အကုန်လုံးက နီးစပ်ရာရွာတွေ၊ တခြားမြို့တွေ ရှောင်ပြေးသွားတယ်၊ ကျနော်တို့ အိမ်ထောင်စုနှစ်စုက ကိုးဦးရှိတယ်၊ မြို့အဝင်က မိဘမဲ့ဂေဟာမှာက ၂၀ ရှိတယ်၊ စုစုပေါင်း ၂၉ ဦးပဲ ကျန်တော့တာပေါ့” လို့ မြို့ပေါ်မှာကျန်ခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
ထွက်ပြေးပုန်းရှောင်နေရတဲ့ ဒေသခံတွေထဲမှာ ကိုဗစ်-၁၉ ရောဂါဖြစ်လို့ ဆေးကုသနေရတဲ့သူတွေလည်း ပါဝင်တယ်လို့ ဒေသခံက ဆိုပါတယ်။
ထန်တလန် မြို့မိမြို့ဖတစ်ဦးကလည်း “ပြည်သူတွေကတော့ မြို့ပေါ်မှာ တိုက်ပွဲမဖြစ်စေချင်ကြဘူး၊ မြို့ မိမြို့ဖနဲ့ ဘာသာရေးခေါင်းဆောင်တွေ အစည်းအဝေးထိုင်ပြီး မြို့ပေါ်မှာ စစ်မဖြစ်ကြဖို့ CNF နဲ့CDF ပူးပေါင်း အဖွဲ့ဆီ စာနဲ့ရော နှုတ်နဲ့ရောပြောတယ်၊ ဒါပေမဲ့လည်း တိုက်ပွဲဖြစ်တာသုံးကြိမ်ရှိပြီ၊ ဒဏ်ရာရ တာရော သေတာရော ထိခိုက်ဆုံးရှုံးတာတွေလည်း ရှိလာပြီဆိုတော့ လူတွေက ကိုယ့်အသိတရားနဲ့ကိုယ် ထွက်ပြေးကြရ တယ်”… လို့ RFA ကို ပြောပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ကဆိုရင် ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားတဲ့ အသက် ၆၁ နှစ် အရွယ် အမျိုးသမီးကြီးတစ်ဦးကို သင်္ဂြိုဟ်ပေးမယ့်သူ မရှိတာကြောင့် ဟားခါးမြို့ ပရဟိတအဖွဲ့က သွားရောက် သင်္ဂြိုဟ်ပေးခဲ့ရပါတယ်။