စစ်ကောင်စီကား သုံးစီး ဒီပဲယင်းမြို့နယ်ထဲမှာ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာနဲ့ ကျခတ်ကျေးရွာအနားမှာ ဩဂုတ်လ ၃၁ ရက် ဒီနေ့ နေ့လယ် ၃ နာရီဝန်းကျင်ခန့်က အာဏာသိမ်းစစ်ကောင်စီ တပ်သား တွေပါလာတဲ့ စစ်ကား သုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

စစ်ကောင်စီတပ် ကားတစ်စီးကို တွေ့ရစဥ် AFP Photo

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာနဲ့ ကျခတ်ကျေးရွာအနားမှာ ဩဂုတ်လ ၃၁ ရက် ဒီနေ့ နေ့လယ် ၃ နာရီဝန်းကျင်ခန့်က အာဏာသိမ်းစစ်ကောင်စီ တပ်သားတွေပါလာတဲ့ စစ်ကား သုံးစီး မိုင်းဆွဲတိုက်ခိုက် ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကားတွေဟာ ရေဦးမြို့ဘက်ကနေ ဒီပဲယင်းမြို့ဘက်ကို တက်လာချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာ ဖြစ်ပြီး ဖြစ်ပြီးပြီးချင်း ဒီပဲယင်းမြို့အနောက်ပိုင်း စိုင်းပြင်ဘက်ကနေတဆင့် ဘုတလင်မြို့ဘက်ကို ဆက်လက် ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်ကွဲတဲ့အသံကျယ်ကျယ် နှစ်ချက်နဲ့ အသံတိုးတိုးနှစ်ချက် စုစုပေါင်း လေးချက် ကြားလိုက်ရတယ်လို့လည်း ဒေသခံတွေ ဆိုပါတယ်။

စစ်ကောင်စီဘက်က ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ညနေပိုင်းအထိ ထုတ်ပြန်ကြေညာတာ မရှိသေးတာကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org