မြန်မာစစ်တပ်ကိုပံ့ပိုးနေတဲ့ တရုတ်လေယာဉ်ကုမ္ပဏီကို ဖိအားပေးရေး Burma Campaign UK တောင်းဆို

လေယာဉ်တွေကို အရပ်သားတွေ သတ်ဖြတ်ရာမှာ အသုံးပြုမယ်ဆိုတာသိသိနဲ့ ရောင်းလိုက်တာဖြစ်ပြီး အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာ လို့ Burma Campaign UK က ဖော်ပြပါတယ်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ လေတပ်စခန်းဌာနချုပ်တွင် စစ်ကောင်စီ လေယာဉ်နှင့် ရဟတ်ယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပစဉ်။ Myanmar Military

တရုတ်နိုင်ငံပိုင် လေယာဉ်ကုမ္ပဏီ AVIC အနေနဲ့ မြန်မာစစ်တပ်ကို လက်နက်တပ်ဆင်ပေးနေတာ ရပ်မလား၊ ဒါမှမဟုတ် စီးပွားရေးလက်တွဲလုပ်နေတာ ဖြုတ်မလားဆိုတဲ့အကြောင်း သူ့မိတ်ဖက်ဖြစ်တဲ့ ပြင်သစ်အခြေစိုက် Airbus ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ကို စာရေးသားဖိအားပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ဒီမိုကရေစီအင်အားစုတွေကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

တရုတ် AVIC ကုမ္ပဏီဟာ ပြီးခဲ့နှစ်အတွင်းမှာပဲ မြန်မာစစ်တပ်ကို လေယာဉ်အသစ် ရှစ်စင်း ရောင်းချပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလေယာဉ်တွေကို အရပ်သားတွေ သတ်ဖြတ်ရာမှာ အသုံးပြုမယ်ဆိုတာသိသိနဲ့ ရောင်းလိုက်တာဖြစ်ပြီး အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ Burma Campaign UK က ဖော်ပြပါတယ်။

လေကြောင်းအင်အားဟာ မြန်မာစစ်တပ် လွတ်မြောက်ဖို့အတွက် အဓိကဖြစ်နေပြီး အာဏာသိမ်းပြီးကတည်းက အရပ်သားတွေအပေါ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ လေးသန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Airbus ကုမ္ပဏီဟာ တရုတ်ရဲ့ AVIC အတွက် အဓိက နိုင်ငံတကာမိတ်ဖက်ကုမ္ပဏီ ဖြစ်ပါတယ်။

ဒါကြောင့် AVIC က မြန်မာစစ်တပ်ကို စစ်လက်နက်မရောင်းချအောင် တိုက်တွန်းဖို့ Airbus အမှုဆောင်အရာရှိချုပ်အနေနဲ့ သူ့ဩဇာကို အသုံးပြုနိုင်တယ်လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

လူ့အသက်တွေကို ကယ်တင်မလား ဒါမှမဟုတ် နိုင်ငံတကာဥပဒေတွေ ချိုးဖောက်မှုမှာ ပတ်သက်နေတဲ့ ကုမ္ပဏီနဲ့ စီးပွားရေးမိတ်ဖက်အဖြစ် ဆက်ပြီး လက်တွဲမလားဆိုတာ Airbus အမှုဆောင်အရာရှိချုပ် Guillaume Faury မှာ ရွေးချယ်ခွင့်ရှိနေတယ်လို့လည်း ပြောလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org