စစ်ကောင်စီက အဂတိလိုက်စားမှုနဲ့ အမှုဖွင့်တဲ့ NLD အစိုးရအဖွဲ့ဝင် ၁၆ ဦးအထိရှိလာ

စစ်ကောင်စီက မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အပါအဝင် ခြောက်ဦးကို ဇွန် ၂၃ ရက်မှာ အဂတိမှုနဲ့ အမှုဖွင့်လိုက်တာကြောင့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် အဂတိမှုနဲ့ အမှုဖွင့်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ဝင် ၁၆ ဦးအထိရှိလာပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို ၂ဝ၁၉ ခုနှစ် မေလ ၂၄ ရက်နေ့က တွေ့ရစဉ်

စစ်ကောင်စီက မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အပါအဝင် ခြောက်ဦးကို ဇွန် ၂၃ ရက်မှာ အဂတိမှုနဲ့ အမှုဖွင့်လိုက်တာကြောင့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် အဂတိမှုနဲ့ အမှုဖွင့်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ဝင် ၁၆ ဦးအထိရှိလာပါတယ်။

စစ်ကောင်စီက အဂတိမှုနဲ့ အမှုဖွင့်ထားတဲ့သူတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့ တော်ဝန် ဦးရဲမင်းဦး၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မွန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့ပါဝင်ပါတယ်။

ဒါ့အပြင် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ၊ မကွေးတိုင်း သယံဇာတ၊ သဘာဝပတ်ဝန်း ကျင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဆောက်လုပ်ရေးနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးတာ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဟောင်း ဒေါ်မိုးမိုးစုကြည်၊ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးသန်းနိုင် တို့ဖြစ်ပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးချက်တွေမှာ အခုအမှုဖွင့်ခံရတဲ့ NLD အစိုးရအဖွဲ့ဝင်တွေဟာ အဂတိမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ထင်ရှားရှားတွေ့ရှိခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org