လမ်းဘေးစာအုပ်ရောင်းတာကို စစ်သားတွေက ခြိမ်းခြောက်တားမြစ်

မန္တလေးမြို့ အမရပူရမြို့ တောင်သမန်အင်းအနီးမှာ နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ မနက်ပိုင်းက လမ်းဘေးမှာ စာအုပ်အဟောင်းတွေ ရောင်းချနေတာကို စစ်သား တွေက မရောင်းချဖို့ တားမြစ်ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မန္တလေးမြို့ အမရပူရမြို့ တောင်သမန်အင်းအနီး လမ်းဘေးမှာ စာအုပ်အဟောင်းများ ရောင်းချနေတာကို ၂၀၂၁ နိုဝင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ် Photo: CJ

မန္တလေးမြို့ အမရပူရမြို့ တောင်သမန်အင်းအနီးမှာ နိုဝင်ဘာ ၁၇ ရက် ဒီကနေ့ မနက်ပိုင်းက လမ်းဘေးမှာ စာအုပ်အဟောင်းတွေ ရောင်းချနေတာကို စစ်သားတွေက မရောင်းချဖို့ တားမြစ်ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

စာအုပ်အဟောင်းတွေကို တစ်ပိဿာ ကျပ်နှစ်ထောင်နဲ့ ရောင်းနေရာ ဝယ်သူတွေလည်းများလို့ လူစုလူဝေး ဖြစ်နေတဲ့အချိန် စစ်သားတွေရောက်လာလို့ ထွက်ပြေးခဲ့ရတယ်လို့ လုံခြုံရေးအရအမည် မဖော်လိုသူ တစ်ယောက်က ပြောပါတယ်။

"စာအုပ်အဟောင်းတွေကို တစ်ပိဿာ နှစ်ထောင်နဲ့ ရောင်းပေးမယ်ဆိုပြီး ကြေညာထားတော့ ဝယ်သူ တွေလည်း လာကြတယ်။ ဝယ်တဲ့လူ ၆၀ လောက်ရှိမယ်၊ ရောင်းပေးနေတာ ၁၅ မိနစ်လောက်ပဲ ရှိသေးတယ်။ စစ်သားတွေ ရောက်လာပြီး ဘယ်သူ့ခွင့်ပြုချက်နဲ့ ရောင်းတာလဲ၊ ပစ်လိုက်ရမလားဆိုပြီး ပြောလို့ အကုန်ထွက်ပြေးကြရတာ။ တချို့ဆို စာအုပ်တွေလက်ထဲကိုင်ပြီး ရုတ်တရက် ထွက်ပြေး ကြရတော့ စာအုပ်ဖိုးတွေတောင် မပေးခဲ့ကြဘူး"

စာအုပ်အဟောင်းတွေကို တစ်ယောက်ထဲကသာ ဒိုင်ခံရောင်းချပေးခဲ့တာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အခုလိုပဲ အလေးချိန်နဲ့ ရောင်းလေ့ရှိသူဖြစ်တယ်လို့ ဆိုပါတယ်။

စာအုပ်အဟောင်းတွေကို တစ်ပိဿာ ကျပ်နှစ်ထောင်နဲ့ ဒီကနေ့မှာ ရောင်းချပေးမယ်လို့ လူမှုကွန်ယက် စာမျက်နှာမှာ တင်ထားလို့ ဝယ်ယူတွေလည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org