မန္တလေးက သပိတ်စစ်ကြောင်းတစ်ခု ဖြိုခွင်းခံရ၊ တစ်ဦး ကျည်ဆန်ထိမှန်

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတဲ့ စစ်ကြောင်းတစ်ခု မဟာအောင်မြေမြို့နယ်၊ သန်လျပ်မှော် အရှေ့ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေရဲ့ဖြိုခွင်းတာ ခံလိုက်ရပြီး တစ်ဦး ကျည်ဆန်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သန်လျပ်မှော် အရှေ့ရပ်ကွက်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေကို ၂၀၂၁၊ ဧပြီ ၂၄ ရက်နေ့က စစ်ကောင်စီတပ်တွေ ဖြိုခွင်းရာမှာ ချောင်းကြည့်နေတဲ့ ပြည်သူတစ်ဦး ကျည်ဆန်ထိမှန်ခဲ့လို့ ကယ်ဆယ်ခဲ့စဉ် Photo: Citizen Journalist

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတဲ့ စစ်ကြောင်းတစ်ခု မဟာအောင်မြေမြို့နယ်၊ သန်လျပ်မှော် အရှေ့ရပ်ကွက်မှာ စစ်ကောင်စီတပ်တွေရဲ့ဖြိုခွင်းတာ ခံလိုက်ရပြီး တစ်ဦး ကျည်ဆန် ထိမှန်ခဲ့တယ် လို့ သိရပါတယ်။

နောက်ကနေ အရပ်ကားတစ်စီးနဲ့ ပါလာပြီး လိုက်ဖြိုတာ သိတဲ့အချိန်ပြေးကြတာ ချောင်းကြည့်တဲ့ ပြည်သူတစ်ယောက် ဗိုက်ကို ကျည်ထိမှန်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းသားတစ်ယောက်က RFA ကိုပြောပါတယ်။

"ကျည်ထိမှန်ခဲ့သူဟာ ရာဘာကျည်မှန်တာလား၊ ကျည်အစစ် ထိမှန်တာလားဆိုတာကို မသိရသေးဘူး"လို့ သိရပါတယ်။

ဒီဖြိုခွင်းခံရမှုမှာ ငါးဦးထက်မနည်း ဖမ်းဆီးခံလိုက်ရပါတယ်။

မန္တလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတာတွေလုပ်ဆောင်လို့မရအောင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လိုက်လံဖြိုခွင်းတာတွေရှိနေပေမယ့် ပြောက်ကျားစနစ်နဲ့ ဆန္ဒပြနေကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာတွေကို တားဆီးပြီး ဆိုင်ကယ်တွေ၊ ဖုန်းတွေ ဖွင့်ပြီး စစ်တာတွေလည်း လုပ်ဆောင်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org