မန္တလေးစည်ပင် မြေကွက်တွေ အပေါ် တင်းကြပ်

မန္တလေးမြို့စည်ပင်သာယာ နယ်နိမိတ် အတွင်း မြို့ကွက်သစ်ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့က ချထားပေးခဲ့တဲ့မြေတွေမှာ သတ်မှတ်ချိန်အတွင်း အဆောက်အအုံမဆောက်ဘဲ မြေ ကွက်လပ်အဖြစ် ရှိနေရင် အစိုးရမြေအဖြစ် ပြန်လည်သိမ်း ဆည်းမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော် မတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့က ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ထုတ်ပြန်ကြေညာချက်ကို တွေ့ရစဉ် Phto: Mandalay City Development Committee

မန္တလေးမြို့စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့က ချထားပေးခဲ့တဲ့မြေတွေ မှာ  သတ်မှတ်ချိန်အတွင်း အဆောက်အအုံမဆောက်ဘဲ မြေကွက်လပ်အဖြစ် ရှိနေရင် အစိုးရမြေအဖြစ် ပြန်လည် သိမ်းဆည်းမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ကွင်းဆင်းစိစစ်တွေ့ရှိချက်အရ ဝင်းခြံကာရံထားခြင်း၊ အဆောက်အဦးဆောက်လုပ်ထားခြင်းမရှိတဲ့ မြေကွက်လပ် အကွက်ပေါင်း  သုံးထောင် ကျော်ရှိနေတယ်လို့  စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်း က ပြောပါတယ်။

"အဲဒီမြေတွေအကုန်လုံးက မြို့ကွက်သစ်ဖော်ထုတ်ရေးက ချထားပေးကတည်းက အဆောက်အဦး ဆောက် လုပ်နေထိုင်ရန်ဆိုတဲ့ စည်းကမ်းချက်နဲ့ ချထားပေးတာဖြစ်တယ်၊ ၂၀၁၃-၁၄ မှာလည်း သုံးကြိမ်ကြေညာ ထားပြီးသား ဒါတွေအခုထိလည်း မလိုက်နာကြဘူး၊ကွင်းဆင်းစစ်တာ အကွက် သုံးထောင်ကျော်လောက် ရှိတယ်၊ အဓိကကတော့ ဒီမြေကွက်လပ်တွေက မြေဝယ်ရောင်းတွေ ပွဲစားတွေလက်ထဲမှာ ရောက်နေတယ် ၊ ရောက်နေတဲ့အခါကျတော့ ဒါတွေကို အဆောက်အဦးမဆောက်ပဲ အရောင်းအဝယ်အတွက်ပဲ လုပ်နေကြတဲ့ အခါကျတော့ ဒါတွေကို အဆောက်အဦး ဆောက်စေချင်တာပေါ့"

မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းက မြေဌားဂရန် မလျှောက်ထားရသေးတဲ့ သူတွေအနေနဲ့ အမြန်ဆုံးမြေဌား ဂရန်လျှောက်ထားပြီး (၆) လအတွင်း အဆောက်အုံ ဆောက်လုပ်ဖို့ ခွင့်ပြုမိန့် ယူရမယ် လို့ ကော်မတီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အဆောက်အအုံဆောက်လုပ်ခွင့် ရရှိထားတဲ့ သူတွေအနေနဲ့ ၉ လအတွင်း အကောင် အထည်ဖော်ဆောင်ရွက်ဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါရင် အဲဒီမြေကွက်လပ်တွေကို အစိုးရမြေ အဖြစ် ပြန်လည်သတ်မှတ်သွားမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org