အစုလိုက်အပြုံလိုက်သတ်မှု စစ်တပ်က တာဝန်ခံဖို့ ကရင်နီ ၆၇ ဖွဲ့တိုက်တွန်း

လက်နက်မဲ့သူ ၄၀ ကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုနဲ့ တခြား ပြစ်မှုတွေ အတွက် မြန်မာစစ်တပ်က တာဝန်ခံ တာဝန်ယူဖို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်နီ အဖွဲ့အစည်း ၆၇ ဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဖရူဆိုမြို့နယ် မိုဆိုရွာနားမှာ ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတဲ့ ရုပ်အလောင်းတွေကို ၂၀၂၁ ဒီဇင်ဘာလ ၂၉ ရက်က မြေမြှုပ်သင်္ဂြိုဟ်စဉ် Photo: Citizen Journalist

လက်နက်မဲ့သူ ၄၀ ကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုနဲ့ တခြား ပြစ်မှုတွေအတွက် မြန်မာစစ်တပ်က တာဝန်ခံ တာဝန်ယူဖို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်နီ အဖွဲ့အစည်း ၆၇ ဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာနားမှာ ကျေးရွာသား ၄၀ ကို ခရစ္စမတ်အကြို ဒီဇင်ဘာ ၂၄ ရက်မှာ စစ်တပ်က အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်တဲ့ သတင်းကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်နီလူမျိုး တွေ ထိတ်လန့်တုန်လှုပ်ရတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ကရင်နီပြည်နယ်မှာ နှစ်ပေါင်းများစွာကပဲ မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာ မသိမ်းခင်ကပဲ ကရင်နီပြည်နယ်မှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်တဲ့ မှတ်တမ်းရှိတယ်လို့ ဖော်ပြပါတယ်။

စနစ်တကျညှဉ်းပန်းတာ၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်တာ၊ အဓမ္မခိုင်းစေတာတွေရှိလို့ ထိုင်း-မြန်မာ နယ်စပ်မှာ ဒုက္ခသည်တွေအဖြစ် ခိုလှုံရတဲ့အကြောင်း ကရင်နီအမျိုးသမီးအဖွဲ့က အစီရင်ခံခဲ့တယ်လို့ ကြေညာချက်မှာ ရေးထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်ကစလို့ CDM အနုနည်းနဲ့ အာဏာဖီဆန်မှုမှာ ပါဝင်မှုနဲ့ ကရင်နီ လူမျိုးတွေ နှိပ်စက်ညှဉ်းပန်းခံရတယ်လို့လည်း ဖော်ပြထားပါတယ်။

အမေရိကန်၊ ဖင်လန်၊ နယူးဇီလန်၊ မလေးရှားစတဲ့ နိုင်ငံတွေက ကရင်နီအဖွဲ့အစည်းတွေနဲ့ ကရင်နီပြည်နယ်က အမျိုးသမီးအဖွဲ့တွေက ပူးတွဲကြေညာချက် ထုတ်ပြန်တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org