လှည်းတန်းမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ စစ်ကားနဲ့ ရဲကားအစီး ၅၀ ခန့်ရောက်နေ
စစ်ကားနဲ့ ရဲကားအစီး ၅၀ နဲ့ အထိကရုဏ်းဖြိုခွင်းတဲ့ရေကားတွေ တက္ကသိုလ် ရိပ်သာလမ်းထဲကို ဝင်လာခဲ့လို့ လှည်းတန်းလမ်းဆုံကနေ နိုင်ငံခြားတက္ကသိုလ်ရှေ့ အထိ အသံတိတ်ဆန္ဒပြတဲ့နေတဲ့ လူအုပ်စုဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်မတွေ့ဆုံလိုတဲ့အတွက် လူအုပ်စုခွဲခဲ့ရပါတယ်။
- 2021-02-22
-
-
-
စစ်ကားနဲ့ ရဲကားအစီး ၅၀ နဲ့ အထိကရုဏ်းဖြိုခွင်းတဲ့ရေကားတွေ တက္ကသိုလ်ရိပ်သာလမ်းထဲကို ဝင်လာခဲ့လို့ လှည်းတန်းလမ်းဆုံကနေ နိုင်ငံခြားတက္ကသိုလ်ရှေ့အထိ အသံတိတ်ဆန္ဒပြတဲ့နေတဲ့ လူအုပ်စုဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်မတွေ့ဆုံလိုတဲ့အတွက် လူအုပ်စုခွဲခဲ့ရပါတယ်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ နံနက် ၉ နာရီ ၄၅ ခန့်မှာ ဆန္ဒပြနေတဲ့ လူအုပ်ကြားထဲကို စစ်ကားတွေနဲ့ ရေဖျန်းကားတွေ တိုးဝင်လာတာပါ။ ဒီမနက်ပိုင်း လှည်းတန်းလမ်းဆုံမှာ ဆန္ဒပြသူ လူဦးရေ သိန်းချီရှိခဲ့ပါတယ်။
တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းထိပ်ကို ဆန္ဒပြလူအုပ်က ရွှေ့သွားတာကို ရဲအင်အား ၂၀၀ လောက်က ထပ်လိုက်လာတယ်လို့ သိရပါတယ်။ အဲဒီနေရာမှာ အင်တာနက်ပြတ်နေပါတယ်။
မြို့လယ်ခေါင် ဆူးလေမှာတော့ ဆန္ဒပြတဲ့သူ သန်းနဲ့ချီ ရှိနေပါတယ်။ မြို့တော်ခန်းမရှေ့မှာ ရဲလုံခြုံရေး ချထားတာရှိပေမယ့် ရဲနဲ့ စစ်သားအင်အားက အရင်နေ့တွေကထက် ထူးခြားတဲ့ အခြေအနေမရှိသေးဘဲ အင်တာနက်လိုင်းတွေကတော့ ဖြတ်တောက်ခံထားရပါတယ်။