ဒေါက်တာဇော်မြင့်မောင်ရဲ့ မိသားစုဝင်ငါးဦး ပြန်လွတ်လာ

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ရဲ့ မိသားစုဝင်တွေကို ဖေဖော်ဝါရီလ ၂၄ ရက် ဒီကနေ့ညပိုင်းမှာ စစ်တပ်က ပြန်လွှတ်ပေးလိုက်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံက RFA ကို အတည်ပြုပြောပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်နဲ့ ဇနီးဖြစ်သူ ဒေါက်တာဒေါ်ယုယုမေ။ Photo: Zaw Myint Maung/Facebook

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ရဲ့ မိသားစုဝင်တွေကို ဖေဖော်ဝါရီလ ၂၄ ရက် ဒီကနေ့ညပိုင်းမှာ စစ်တပ်က ပြန်လွှတ်ပေးလိုက်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံက RFA ကို အတည်ပြုပြောပါတယ်။

ဇနီးဖြစ်သူ ဒေါက်တာဒေါ်ယုယုမေအပါအဝင် သမီးဖြစ်သူ၊ သမက်ဖြစ်သူနဲ့ မြေးဖြစ်သူ နှစ်ဦး၊ စုစုပေါင်း ၅ ဦးကို ပြန်လွှတ်ပေးခဲ့တာပါ။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အတူနေတဲ့ မိသားစုဝင်တွေအားလုံးကို နေအိမ်မှာ လာဖမ်းသွားတာပါ။

သူတို့တွေကို စစ်တပ်က စီစဉ်ပေးထားတဲ့ အိမ်ရာမှာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားပြီးနောက် ၂၄ ရက်မြောက်နေ့ ဒီကနေ့မှာ အိမ်ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org