မန္တလေးမြို့ Sky Villa အဆောက်အုံကြား လူလေးဆယ်ကျော် ကယ်ထုတ်

သေဆုံးနေတဲ့ ရုပ်အလောင်းကိုးခုကိုလည်း ရရှိထားပြီး ပိတ်မိနေတဲ့သူတွေကိုလည်း ဆက်ပြီး ကယ်ထုတ်နေပါတယ်။

Sky Villa အဆောက်အအုံပျက်အတွင်း ပိတ်မိနေသူများအား မတ်လ ၂၉ ရက်တွင် ကယ်ထုတ်နေစဉ်။ Myanmar Fire Services Department

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်က ငလျင်ကြောင့် ပြိုကျပျက်စီးနေတဲ့ Sky Villa အဆောက်အဦး ကြားကနေ လူ ၄၃ ဦးကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ပြီဖြစ်ကြောင်း  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သေဆုံးနေတဲ့ ရုပ်အလောင်းကိုးခုကိုလည်း ရရှိထားပြီး ပိတ်မိနေတဲ့သူတွေကိုလည်း ဆက်ပြီး ကယ်ထုတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ တစ်ထောင်ကျော်ရှိလာကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၀၀၂ ဦးရှိပြီး ဒဏ်ရာရသူ ၂၃၇၆ ဦးရှိကာ ပျောက်ဆုံးနေသူ ၃၀ ရှိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နေရာတွေ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org