မန္တလေး၊ မြရည်နန္ဒာအိမ်ရာအနီးမှာ အမျိုးသားအလောင်းတစ်လောင်း လာပစ်သွား

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာအနီးက အမှိုက်ပုံမှာ ဧပြီ ၂၀ ရက်၊ ဒီနေ့မနက် ၆ နာရီ လောက်က ကားအဖြူနဲ့ အမျိုးသားအလောင်းတစ်လောင်း လာပစ်သွားတယ်လို့ သိရပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာအနီးက အမှိုက်ပုံမှာ ၂၀၂၁၊ ဧပြီ ၂၀ ရက်နေ့က လာပစ်သွားတဲ့ အလောင်းကို တွေ့ရစဉ် Photo: Citizen Journalist

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာအနီးက အမှိုက်ပုံမှာ ဧပြီ ၂၀ ရက်၊ ဒီနေ့မနက် ၆ နာရီလောက်က ကားအဖြူနဲ့ အမျိုးသားအလောင်းတစ်လောင်း လာပစ်သွားတယ်လို့ သိရပါတယ်။

အဲဒီအမျိုးသားအလောင်းကို ဓာတ်မှန်ရိုက် စစ်ဆေးတဲ့အခါမှာ ဦးခေါင်းရှေ့နောက် ပြတ်ရှရာ၊ ခေါင်းနဲ့ ကျောကို ထုနှက်ထားတာ၊ ပခုံးရိုးကျိုးနေတာနဲ့ ခန္ဓာကိုယ်မှာ ဖိနပ်ရာတွေ တွေ့ရတယ်လို့ လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ယောက်က RFA ကို ပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး မည်သူမည်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘူး။

အဲဒီအနီးအနားမှာ စစ်တပ်က တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ဒီကနေ့မှာလည်း နေရာအချို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org