မလေးရှားမှာ မြန်မာအုပ်စုလိုက်ရန်ဖြစ်ပြီး တစ်ဦးသေဆုံး၊ ရှစ်ဦးအဖမ်းခံရ

မလေးရှားမှာ မြန်မာနိုင်ငံသား အမျိုးသားခုနစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်မှုနဲ့ မနေ့က ဖမ်းဆီးလိုက်တယ်လို့ ဒီကနေ့ထုတ် The Sun သတင်းမှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံ Johor Bahru ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့က တွေ့ရစဉ်။ thesundaily

မလေးရှားနိုင်ငံ Johor Bahru ပြည်နယ်မှာ မြန်မာနိုင်ငံသား အမျိုးသားခုနစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို လူသတ်မှုတစ်ခုမှာ ပါဝင်ပတ်သက်မှုနဲ့ မနေ့က ဖမ်းဆီး လိုက်တယ်လို့ ဒီကနေ့ထုတ် The Sun သတင်းမှာ ဖော်ပြထားပါတယ်။

အဖမ်းခံရတဲ့ အမျိုးသားခုနစ်ဦးဟာ အသက် ၂၂ နှစ်နဲ့ ၅၁ နှစ်ကြားတွေဖြစ်ပြီး အမျိုးသမီးကတော့ အသက် ၃၅ နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာတွေစုပြီး ငှားနေကြတဲ့ အိပ်ခန်းတစ်ခုထဲမှာ အုပ်စုလိုက် ရန်ဖြစ်နေကြကြောင်း သတင်းပေးပို့လာလို့ သွားရောက်ရာမှာ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဓားနဲ့ ထိုးခံရတဲ့ဒဏ်ရာနဲ့ သေဆုံးနေပြီး ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ဒဏ်ရာရရှိ ထားတယ်လို့ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

အခင်းဖြစ်ပွားရာမှာရှိနေသူ ရှစ်ဦးကို ဖမ်းဆီးထားပြီး နောက်ထပ် မြင့်လှိုင် ဆိုတဲ့ သံသယရှိသူကိုလည်း ရှာဖွေနေကြောင်းနဲ့ အဲဒီလူကိုတွေ့ရှိရင် သတင်းပေးကြဖို့လည်း ရဲတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org