ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ မလေးရှားမှာ လူမှောင်ခို ဂိုဏ်းခေါင်းဆောင်တွေ နေထိုင်နေ

မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ပင်လယ် ကနေ လူမှောင်ခိုကူးနေတဲ့ ဂိုဏ်းပေါင်း ၆ဝဝ ခန့်ရှိပြီး ဒီလုပ်ငန်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ရာပေါင်းများစွာ ပင်လယ်ပြင်မှာ အတိဒုက္ခ ရောက်နေ ကြရတယ်လို့ ဘင်္ဂလားဒေ့ရှ် မှုခင်းထောက်လှမ်းရေး တပ်အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စိုက်ထူထားသော လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ပိုစတာ ဆိုင်းဘုတ်တခု ဖြစ်ပါသည်။ (Photo: RFA) RFA

မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို ပင်လယ်ကနေ လူမှောင်ခို ကူးနေတဲ့ ဂိုဏ်းပေါင်း ၆ဝဝ ခန့်ရှိပြီး ဒီလုပ်ငန်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရာပေါင်း များစွာ ပင်လယ်ပြင်မှာ အတိဒုက္ခ ရောက်နေကြရတယ်လို့ ဘင်္ဂလားဒေ့ရှ် မှုခင်းထောက်လှမ်းရေးတပ်အရာရှိတစ်ဦး က ပြောကြားလိုက်ပါတယ်။

ဒီလူမှောင်ခိုဂိုဏ်းတွေရဲ့ အကြီးအကဲတွေဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ မလေးရှားနိုင်ငံတွေမှာ နေထိုင် ကြပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ် Cox’s Bazar နဲ့ စစ်တကောင်း ခရိုင်ဒေသတွေက နိုင်ငံရေး မတည်ငြိမ် မှုတွေကို အခွင့်ကောင်းယူပြီး ဒေသခံတွေကို နိုင်ငံခြားကို ပို့နေကြတယ်လို့ Cox’s Bazar ခရိုင်မှုခင်းစုံစမ်းရေး တပ်ဖွဲ့က ထောက်လှမ်းရေးအရာရှိ Khandakar Uddin ကို ကိုးကားပြီး ဒီကနေ့ ဘင်္ဂလားဒေ့ရှ်မှာ ထုတ်ဝေတဲ့ Financial Times သတင်းစာကရေးသားပါတယ်။

၃ နှစ်အတွင်း လူမှောင်ခိုဂိုဏ်းတွေရဲ့ ဖျားယောင်းခေါ်ဆောင်မှုတွေကြောင့် နိုင်ငံခြားကို ဘင်္ဂလားပင်လယ်အော်ကနေ မလေးရှားနဲ့ထိုင်းကို ထွက်လာကြသူ ၁၅ဝဝ ကျော်ဟာ ပင်လယ်ခရီးကြမ်းဒဏ်၊ ရာသီဥတုနဲ့ တခြားနိုင်ငံအာဏာပိုင်တွေ လိုက်လံဖမ်းဆီးတာတွေကြောင့် ပင်လယ်ပြင်မှာ သေဆုံးခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၆ လအတွင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးမှုကြောင့် Cox’s Bazar ခရိုင်တစ်ခုထဲမှာတင် မလေးရှားနဲ့ထိုင်းကိုထွက်မယ့်သူ ၄ဝဝဝ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်တာကာလအတွင်း ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ဝင်အနေနဲ့ ထိပ်တန်းလူမှောင်ခိုဂိုဏ်း ၃ဝ ခန့်ကို ဖမ်းဆီးနိုင်ခဲ့ပြီး သူတို့နဲ့ဆက်စပ်ပြီး အမှု ၂၅ မှု ဖွင့်လှစ်အရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ကနေ လူမှောင်ခိုအဖွဲ့တွေရဲ့စီစဉ်မှုနဲ့ ပင်လယ်ရေကြောင်းကတဆင့် မလေးရှားနဲ့ သြစတြေးလျနိုင်ငံတွေကို ထွက်ခွာလာကြတဲ့သူတွေဟာ ရောက်ရာဒေသမှာ လှေစီးဒုက္ခ သည်တွေအဖြစ် နိုင်ငံရေးခိုလှုံ ခွင့်တောင်းခံကြသူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org