လွိုင်ကော်သပိတ်ဖြိုခွင်းစဉ် ချောင်းထဲခုန်ချထွက်ပြေးသူ ရှာမတွေ့သေး
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဧပြီလ ၂၂ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ အရုဏ်ဦးသပိတ်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက ၀င်ရောက်ဖြိုခွင်းချိန် သပိတ်မှာပါ၀င်တဲ့ အမျိုးသားတစ်ယောက် အနားမှာရှိတဲ့ ဘီလူးချောင်းထဲကို ခုန်ချထွက်ပြေးခဲ့ပါတယ်။
- 2021-04-23
-
-
-
ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဘီလူးချောင်းကို တွေ့ရစဉ်
Photo: Citizen Journalist
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဧပြီလ ၂၂ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ အရုဏ်ဦးသပိတ်ကို အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက ၀င်ရောက်ဖြိုခွင်းချိန် သပိတ်မှာပါ၀င်တဲ့ အမျိုးသားတစ်ယောက် အနားမှာ ရှိတဲ့ ဘီလူးချောင်းထဲကို ခုန်ချထွက်ပြေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့အထိ အဲဒီ အမျိုးသားကို ပြန်ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
မနေ့က အရုဏ်ဦးသပိတ်ကို မနက်အစောပိုင်း လေးနာရီကျော်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်တွေ ၀င်ရောက်ဖြိုခွင်း ဖမ်းဆီးတာကြောင့် အမျိုးသမီး သုံးယောက် အဖမ်းခံခဲ့ရပါတယ်။