ကျောက်တံခါးမှာ ရထားမိုင်းဆွဲခံရ

မန္တလေးကနေ ရန်ကုန်ကို ထွက်လာတဲ့ ရထားဟာ ဒီဇင်ဘာ ၁၃ ရက်၊ မနက် သုံးနာရီခွဲမှာ မိုင်တိုင် ၁၀၄ နဲ့ ၁၀၃ အကြား ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရထားစက်ခေါင်းနဲ့ လူစီးတွဲ သုံးတွဲ လမ်းချော်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က မိုင်းဆွဲခံရသည့် မန္တလေး-ရန်ကုန် လူစီးရထားတစ်စင်းကို တွေ့ရစဉ်။ Myanmar Military

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနဲ့ ပိန်းဇလုပ်ဘူတာအကြားမှာ မန္တလေး-ရန်ကုန် လူစီးရထားတစ်စင်း ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲခံခဲ့ရတယ်လို့ စစ်ကောင်စီက ဒီဇင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ထွက်လာတဲ့ အဲဒီရထားဟာ ဒီဇင်ဘာလ ၁၃ ရက်၊ မနက် သုံးနာရီခွဲမှာ မိုင်တိုင် ၁၀၄ နဲ့ ၁၀၃ အကြား ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရထားစက်ခေါင်းနဲ့ လူစီးတွဲ သုံးတွဲ လမ်းချော်ခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

အဲဒီရထားပေါ်မှာ လူ ၄၂၆ ဦး လိုက်ပါလာပြီး ရထား လေးစင်းက လူပေါင်း ကိုးရာဝန်းကျင်အထိ ခရီးကြန့်ကြာခဲ့ရတယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

ဒီမိုင်းဆွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက လုပ်တယ်လို့ စွပ်စွဲထားပြီး ပူးပေါင်းတပ်တွေဘက်က ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကတော့ ဒါနဲ့ ပတ်သက်ပြီး သတင်းမရထားသေးဘူးလို့ ပြောပါတယ်။

လက်ရှိ ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့လယ်အထိ ရန်ကုန်-မန္တလေး အစုန်၊ အဆန် ခရီးစဉ်တွေကို ရပ်နားထားပြီး ပြန်ပြေးဆွဲနိုင်မယ့်အချိန် မသိရသေးဘူးလို့ မြန်မာ့မီးရထားက ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း ပိန်းဇလုပ်ဘူတာနဲ့ ညောင်လေးပင် ဘူတာအကြား ရထားလမ်းပိုင်း မိုင်းဆွဲခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org