ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရဲစခန်းမှာ ဗုံးပေါက်ကွဲ

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ် ဆူလေးရှန်ဂရီလာ ဟိုတယ်အနီးက စစ်ကောင်စီလက်အောက်ခံ ကျောက်တံတားမြို့နယ်ရဲစခန်းမှာ စက်တင်ဘာလ ၂၈ ရက် ဒီနေ့ မနက် ၇ နာရီခွဲအချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါ တယ်။

ကျောက်တံတားမြို့နယ်ရဲစခန်းကို တွေ့ရစဉ်

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်းမပေါ် ဆူလေးရှန်ဂရီလာ ဟိုတယ်အနီးက စစ်ကောင် စီလက်အောက်ခံ ကျောက်တံတားမြို့နယ်ရဲစခန်းမှာ စက်တင်ဘာလ ၂၈ ရက် ဒီနေ့ မနက် ၇ နာရီခွဲအချိန် ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ဒီဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကျောက်တံတားမြို့နယ်ရဲစခန်းဟာ မြေညီထပ်မှာ မြို့နယ်ရဲစခန်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိပြီး အပေါ်ထပ် တွေကတော့ ရဲဝန်ထမ်းတွေအတွက် သီးသန့်ဆောက်လုပ်ထားတဲ့ နေရာဖြစ်ပါတယ်။

ရန်ကုန်မြို့ပြ အာဏာရှင်ဆန့်ကျင်ရေးအင်အားစု (YADF) ကတော့ 44st – UG အဖွဲ့နဲ့ပေါင်းကာ ရဲစခန်းအပေါ် လေးလွှာမှာ ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး အန္တရယ်ကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

စက်တင်ဘာလ ၂၇ ရက်နေ့ မနေ့နေ့လယ်ပိုင်းကလည်း သာကေတမြို့နယ်က အမှတ် (၁) ရဲစခန်းအနားမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သလို ညနေ ၄ နာရီခွဲအချိန်ခန့်မှာလည်း ကမ်းနားလမ်း၊ ဆင်မလိုက်လမ်းဆုံက ကမာရွတ် မြို့နယ်ရဲစခန်းအနီးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org