တောင်ကိုရီးယားရဲ့ တိုးတက်ရေး ကြိုးပမ်းမှု အတွေ့အကြုံ မြန်မာကို မျှဝေမည်
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူ ဖြစ်စေဖို့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးတိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှု အတွေ့အကြုံတွေကို မျှဝေ သွားမယ်လို့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ပြောလိုက်ပါတယ်။
-
2013-06-19 -
-
-
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက် အကူဖြစ်စေဖို့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး တိုးတက်အောင် လုပ်ဆောင်ခဲ့တဲ့ လှုပ်ရှားမှု အတွေ့အကြုံတွေကို မျှဝေသွားမယ်လို့ တောင်ကိုရီး ယား ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီကနေ့ ပြောလိုက် ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ပထမအကြိမ် အစည်းအဝေးမှာ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးနဲ့ မြန်မာဘဏ္ဍာရေး ဝန်ကြီးတို့ သဘောတူညီလိုက်ကြတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ ပတ်ချုံဟီး လက်ထက်၊ ၁၉၇ဝ ပြည့်လွန်နှစ်တွေ အတွင်း တိုင်းပြည်ခေတ်မှီဖွံ့ဖြိုး တိုးတက်ဖို့အတွက် စီမံကိန်းချမှတ် ဆောင်ရွက်ခဲ့တဲ့ ဆေမျူရယ် (Saemaul Movement) ခေါ် ကျေးလက်ဖွံ့ဖြိုးရေးလှုပ်ရှားမှုက သင်ခန်းစာတွေဟာ မြန်မာနိုင်ငံအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။
မြန်မာနဲ့ တောင်ကိုရီးယားတို့ အကြား စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အခြေခံအဆောက်အဦး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ဆေးပညာနဲ့ အသံလွှင့် လုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက် သွားဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။
ဒါ့အပြင် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး တံတားတစ်စင်းကို ရန်ကုန်မြစ်အတွင်းမှာ ကူညီတည်ဆောက်ပေးသွားဖို့ ကိုလည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။