ခင်ဦးမှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးကျေးရွာမှာ အသက် ၄၈ နှစ်အရွယ် ဦးမင်းမော် ဟာ ဇူလိုင်လ ၂၈ ရက် မနေ့ညနေက သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ခင်ဦးမြို့နယ် ကုန်းကြီးရွာမှာ ၂၀၂၁ ဇူလိုင် ၂၈ ရက်နေ့က အသတ်ခံရတဲ့ ဦးမင်းမော် စီးတဲ့ဆိုင်ကယ်ကို တွေ့ရစဥ် Photo CJ
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကုန်းကြီးကျေးရွာမှာ အသက် ၄၈ နှစ်အရွယ် ဦးမင်းမော်ဟာ ဇူလိုင်လ ၂၈ ရက် မနေ့ညနေက သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
 
ဦးမင်းမော်ဟာ ကုန်းကြီးကျေးရွာနဲ့ ခြေမြစ်ရင်းကျေးရွာကြားမှာ ဓားဒဏ်ရာတွေ၊ သေနတ်ကျည်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မနေ့ညနေက ဒေသခံတွေက တွေ့ရှိခဲ့ကြတာဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကိုတော့ စစ်တပ်က ယူဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
သူဟာ စစ်ကောင်စီရဲ့ တပ်တွေနဲ့ အဆက်အသွယ်ရှိသလို ဒီ‌ဒေသထဲက ပျုစောထီးအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် စွပ်စွဲခံထားရပြီး အခုသတ်ဖြတ်ခံရတာကလည်း အဲဒီကိစ္စကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။
 
ဒါပေမဲ့ အခုသတ်ဖြတ်မှုဟာ ဘယ်သူတွေရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။
 
ပြီးခဲ့ဇူလိုင် ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ရွာသန်းကျေးရွာမှာလည်း စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး ဦးအုန်းမြိုင် သတ်ဖြတ်ခံခဲ့ရပါတယ်။
 
ဒီဒေသတွင်းမှာ အခုလို စစ်ကောင်စီနဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရသူပေါင်း ၁၀ ကျော် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org