သဲကုန်းကြီးရွာ ဝင်ရောက်စီးနင်းမှု ရွာသားတစ်ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သဲကုန်းကြီးရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်း တပ်စွဲခဲ့ပြီး ပြန်ထွက်သွားပြီးနောက် ရွာသားတစ်ယောက် အသတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ခင်ဦးမြို့နယ်မှာ ဆန္ဒပြခဲ့ကြစဉ် Photo: CJ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သဲကုန်းကြီးရွာကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်စီးနင်း တပ်စွဲခဲ့ပြီး ပြန်ထွက်သွားပြီးနောက် ရွာသားတစ်ယောက် အသတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က သဲကုန်းကြီးရွာကို နိုဝင်ဘာလ ၁၈ ရက်နေ့ကတည်းက တပ်စွဲနေလို့ ရွာသားတွေ ထွက်ပြေးခဲ့ရပြီး နိုဝင်ဘာ ၂၂ ရက်ဒီနေ့မှာ ရွာသားတစ်ချို့က ရွာထဲပြန်ကြည့်တဲ့အချိန်မှာ အဲဒီအလာင်းကို တွေ့ခဲ့တာလို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

“ထွက်တာကတော့ စစ်သားတွေ မနေ့ကထွက်တာ ဒီနေ့မှာ ပြန်ဝင်ရဲတာပေါ့။ မနေ့ကထွက်တာ အကုန် ထွက်မှန်းမသိ မသေချာတော့ မနေ့က မဝင်ရဘူး။ ဒီနေ့မှ လူတချို့ဝင်ကြည့်တာမှာ အလောင်းကိုတွေ့ တာ”

သေဆုံးသူက သဲကုန်းကြီးရွာသား အသက် ၄၃ နှစ်အရွယ် ဦးမောင်မောင်ထွေးဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာအပြင်၊ ချေကျင်းဝတ်နားကို ဓားနဲ့ဖြတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပုတ်ပွသေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို ဒီနေ့နေ့လယ်မှာပဲ ရွာခံတွေက မီးသင်္ဂြိုဟ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ခင်ဦးမြို့နယ် မရမ်းအင်းရွာအနီး တောထဲမှာ စစ်ကောင်စီတပ် စစ် ကြောင်းဖြတ်သွားပြီးနောက် အသက် ၆၅ နှစ်အရွယ် မရမ်းအင်းရွာသား တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org