တူမီးသေနတ်တွေ အပ်ရင် စစ်ကောင်စီတပ် ရွာကနေ ထွက်သွားမယ်ပြော
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာက ရွာသားတွေအနေနဲ့ တူမီးသေနတ် ၁၅၀ လောက် စစ်ကောင်စီကို အပ်မယ်ဆိုရင် ကျေးရွာကနေ ထွက်သွားမယ်ဆိုပြီး ဒီကနေ့ ကမ်းလှမ်းလာတယ်လို့ သိရပါတယ်။
- 2021-04-22
-
-
-
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာက ရွာသားတွေအနေနဲ့ တူမီးသေနတ် ၁၅၀ လောက် စစ်ကောင်စီကို အပ်မယ်ဆိုရင် ကျေးရွာကနေ ထွက်သွားမယ်ဆိုပြီး ဒီကနေ့ ကမ်းလှမ်းလာတယ်လို့ သိရပါတယ်။
"သူတို့ ဒရုန်းနဲ့ ရိုက်ထားတာမှာ တူမီးသေနတ် ၃၀၀ လောက်ရှိတာ တွေ့ရလို့ ၁၅၀ လောက်အပ်ဖို့ ဆရာတော်ဆီကနေ တစ်ဆင့်ကမ်းလှမ်းတယ်။ ကျွန်တော်တို့ကတော့ မအပ်ဖို့ ဆုံးဖြတ်တယ်။ အပ်လိုက် လို့ရှိရင် သူတို့က သတင်းစာရှင်းလင်းပွဲမှာ ပြည်သူတွေက သူတို့နဲ့ ပူးပေါင်းတယ်ဆိုပြီး ကမ္ဘာကိုလိမ်ရင် သူတို့ဖိနပ်အောက်က လွတ်မှာမဟုတ်တော့ဘူး" လို့ ကပိုင်ရွာသားတစ်ယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ကပိုင်ကျေးရွာအနီးမှာ တပ်စွဲထားတာ သုံးရက်ခန့်ရှိပြီဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၅ဝ လောက်အတွင်းက အမျိုးသားတွေကို ရွာအတွင်း ဝင်ခွင့်မပေးတဲ့အတွက် တိရစ္ဆာန်တွေကို အစာကျွေးဖို့လည်း ခက်ခဲနေပါတယ်။
စစ်ကောင်စီတပ်တွေ လှည့်ပတ်နေတဲ့အတွက် အဲဒီအနီးအနားရွာတွေဖြစ်တဲ့ ရင်ပေါင်တိုင်၊ ဆင်စွယ်၊ မောက်လုပ်၊ အထက်ငနန်း၊ အောက်ငနန်း အပါအဝင် ရွာအများစုက ဒေသခံတွေ ရှောင်ပြေးနေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။