မြန်မာ့ လူ့အခွင့်အရေး တိုးတက်ဖို့ လိုအပ်နေသေး

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေ အနေတွေ တစ်စုံတရာ တိုးတက်မူရှိ လာတာမှန်ပေမဲ့၊ စိန်ခေါ်မူတွေကို ကျော် လွှားနိုင်ဖို့အတွက် ဆောင်ရွက်စရာတွေ အများအပြား ရှိနေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ပုံ Photo: AFP

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ တစ်စုံတရာ တိုးတက်မူရှိလာတာမှန်ပေမဲ့၊  စိန်ခေါ်မူတွေကို ကျော်လွှားနိုင်ဖို့ အတွက် ဆောင်ရွက်စရာတွေ အများအပြား ရှိနေသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောဆိုပါတယ်။

ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၈၀ ကျော်က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိ ကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက၂၀၁၃ ခုနှစ်အတွက် တွေ့ရှိချက်အစီရင်ခံစာကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာပါ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး John Kerry က ပြောဆိုခဲ့တာပါ။

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကမ္ဘာ့နေရာဒေသတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မူတွေနဲ့ ပတ်သက်ပြီး၊ ဆီးရီးယားနိုင်ငံရဲ့ဖြစ်စဉ်တွေ၊  ဆူဒန်နိုင်ငံက ဖြစ်စဉ်တွေနဲ့ နိုင်းယှဉ်ပြီး၊ မြန်မာနိုင်ငံ တိုင်းရင်းသားနယ်မြေတွေမှာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မူတွေကို အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တဖြည်းဖြည်း တိုးတက်မှုတွေ ရှိလာနေတယ်လို့     နိုင်ငံခြားရေးဝန်ကြီး John Kerry က နှစ်ပေါင်းများစွာ အထီးကျန်နေတဲ့ မြန်မာနိုင်ငံဟာ တဖြည်းဖြည်းခြင်း တိုးတက်လာနေပါတယ်။

အာဏာရှင်အုပ်ချုပ်မှုလည်း မရှိတော့သလို၊ အမေရိကန်ပြည်ထောင်စုနဲ့ အပြုသဘောဆောင် လက်တွဲဆောင်ရွက်မူတွေရှိလာပြီး၊ အပြည်ပြည်ဆိုင်ရာနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ် လို့ ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ အများကြီးကျန်နေသေးသလို၊ စိန်ခေါ်မူတွေလည်း ရှိနေသေးတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

အစီရင်ခံစာနဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင်ရဲ့ ကောက်နှုတ်တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org