ဆန်ဈေးတင်ရောင်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားကို စစ်ကောင်စီ ရုံးထုတ်
Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီကာဆာမက်ဆုကို ရန်ကုန်မြို့က တရားရုံးတစ်ခုမှာ ဇူလိုင် ၁၁ ရက်က စတင်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် The Japan Times သတင်းမှာ ဖော်ပြပါတယ်။
-
RFA Burmese
2024-07-12 -
-
-
ဆန်ဈေးတင်ရောင်းလို့ ဖမ်းဆီးထားတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီကာဆာမက်ဆုကို ရန်ကုန်မြို့က တရားရုံးတစ်ခုမှာ ဇူလိုင်လ ၁၁ ရက်က စတင်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် The Japan Times သတင်းမှာ ဖော်ပြပါတယ်။
ဟီရိုရှီကာဆာမက်ဆု အပါအဝင် City Mart၊ One Stop Mart၊ စိန်ဂေဟာက တာဝန်ရှိတဲ့သူတွေနဲ့ ဆန်ကုန်သည် စုစုပေါင်း ၁၁ ဦးကို ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဇွန်လ ၃၀ ရက်မှာ ဖမ်းဆီးခဲ့တာပါ။
အခုလိုကြားနာစစ်ဆေးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကို RFA က ဇူလိုင် ၁၂ ရက်မှာ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
မစ္စတာ ဟီရိုရှီကာဆာမက်ဆုကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက ဇူလိုင်လဆန်းပိုင်းကတည်းက တောင်းဆိုထားပါတယ်။
စစ်ကောင်စီကတော့ ဂျပန်နိုင်ငံသားအပါအဝင် ဖမ်းဆီးခံရသူတွေကို အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချနိုင်တဲ့ ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူမယ်လို့ ကြေညာထားပါတယ်။