ကိုဗစ်ကတည်းက မကျင်းပတဲ့ အင်းလေးကန် ဖောင်တော်ဦးဘုရားပွဲ ပြန်လည်ကျင်းပ

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ကာလကတည်းကစ‌ပြီး မကျင်းပတော့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသရဲ့ ဖောင်တော်ဦးဘုရားပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသ ဖောင်တော်ဦးဘုရားပွဲကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပနေသည်ကို တွေ့ရစဉ်။ RFA

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် - ၁၉ ကာလကတည်းကစ‌ပြီး မကျင်းပတော့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန်ဒေသရဲ့ ဖောင်တော်ဦးဘုရားပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်ကျင်းပနေပါတယ်။

အောက်တိုဘာလ ၁၅ ရက် (မြန်မာသက္ကရာဇ် သီတင်းကျွတ်လဆန်း ၁ ရက်) ဒီနေ့မှာ ဖောင်တော်ဦးဘုရား ကျောင်းတော်ကနေ ဒေသစာရီကြွချီတဲ့ ပထမဆုံးရက်ဖြစ်ပါတယ်။

ဘုရားပွဲတော်ကို မနက် ၇ နာရီမှာစတင်ပြီး ဖောင်တော်ဦးဘုရားကျောင်းကနေ အင်းလေးကန်ရဲ့ အနောက်ဘက်ကမ်း ရွှေအင်းတိန် (ကြေးပေါခုံ) ကျောင်းတစ်လျှောက် အဲဒီဖောင်တော်ကို ဆွဲလှေတွေ၊ အလှပြလှေယဥ်တွေနဲ့ အပူဇော်ခံလှည့်လည်တာပါ။

အဲဒီနောက် ရွှေအင်းတိန်မှာပဲ နေ့ဆွမ်းဆပ်ကပ်ပြီး တစ်ညတာ ညအိပ်ရပ်နားပါတယ်။

အောက်တိုဘာလ ၁၆ ရက် မနက်ဖြန် (သီတင်းကျွတ်လဆန်း ၂ ရက်နေ့) မှာတော့ ဟဲယာရွာမရွာကို အပူဇော်ခံ ကြွရောက်မှာဖြစ်ပါတယ်။

ကိုဗစ် - ၁၉ ကပ်ရောဂါ မြန်မာနိုင်ငံကိုစရောက်တဲ့ ၂၀၂၁ ခုနှစ်ကတည်းက နှစ်စဉ်ကျင်းပနေကျ ဖောင်တော်ဦး ဘုရားပွဲတော်ကို ရပ်နားခဲ့ရတာဖြစ်ပြီး အခုနှစ် ၂၀၂၃ အောက်တိုဘာလမှာမှ ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။

ဒီဘုရားပွဲတော်ကို မကျင်းပတာကြာပြီဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က ဘုရားဖူးဒေသခံများစွာ လာရောက်ကြတာကို တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org