နယ်စပ် သူပုန် ပူးတွဲစစ်ဆင်ရေး လုပ်ဖို့ အိန္ဒိယက မြန်မာကို ဖိအားပေး

အိန္ဒိယ မြန်မာနယ်စပ်က လူမျိုးစု သူပုန်တွေအပေါ် စစ်ဆင်ရေး ပူးတွဲဆောင်ရွက်ဖို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန က မြန်မာ အစိုးရကို ဖိအားပေး တိုက်တွန်းနေတယ်လို့ အိန္ဒိယနိုင်ငံထုတ် The Asian Age သတင်းက ဖေါ်ပြ ပါတယ်။

အိန္ဒိယ မြန်မာနယ်စပ်က လူမျိုးစုသူပုန်တွေအပေါ် စစ်ဆင်ရေး ပူးတွဲဆောင်ရွက်ဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနက မြန်မာအစိုးရကို ဖိအားပေးတိုက်တွန်းနေတယ်လို့ အိန္ဒိယနိုင်ငံထုတ် The Asian Age သတင်းက ဖေါ်ပြ ပါတယ်။

မြန်မာနဲ့နယ်စပ် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက လူမျိုးစုသူပုန်တွေဟာ မြန်မာ့ပိုင်နက်အတွင်း တောတောင် ထူထပ်ရာဒေသတွေမှာ ခိုလှုံနေကြပြီး၊ အိန္ဒိယဗဟိုအစိုးရကို ပုန်ကန်တိုက်ခိုက်နေကြတဲ့အတွက်၊ အဲ့ဒီသူပုန်တွေ ကို လက်ခံမထားဘဲ တိုက်ခိုက်မောင်းထုတ်ပစ်ဖို့ အိန္ဒိယအစိုးရ အဆက်ဆက်က မြန်မာအစိုးရအဆက်ဆက်ကို တိုက်တွန်းပြောဆိုခဲ့ကြတာပါ။

မြန်မာနိုင်ငံ ပိုင်နက်အတွင်းမှာ NDFB သူပုန် အမာခံ ၁၅၀ နီးပါး၊ ULFA အဖွဲ့ဝင် ၂၀၀ နီးပါး နဲ့မဏိပူအခြေစိုက် သူပုန် အဖွဲ့ဝင် ၁၅၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org