စစ်တွေမှာ တရားမဝင် ဒိုင်ယာဇီပင်ထိုးဆေး သုံးသောင်းခွဲ သိမ်းဆည်းရမိ


2014.11.28

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရန်ကုန်ကိုတင်ပို့မယ့် တရားမဝင် ဒိုင်ယာဇီပင် အလုံး ၃၅၀၀၀  ကျော်ကို မူးယစ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခဲ့ပါတယ်။

ရိုးမသစ္စာ ကုန်သိုလှောင်ရုံမှာ ဒိုင်ယာဇီပင်ထိုးဆေး အလုံးရေ ၃၀၀၀၀ ကျော်နဲ့ စစ်တွေမြို့  မြို့သူကြီးရပ်ကွက်က နေအိမ်တစ်ခုမှာ အလုံးရေ ၅၀၀၀ ကို နှစ်နေရာခွဲပြီး ဖမ်းဆီးရမိခဲ့တာလို့ စစ်တွေမြို့  မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူး ရီထွန်းသန်းက ပြောပါတယ်။

"ကျနော်တို့ မနေ့က ကုန်သိုလှောင်ရုံကို သွားသိမ်းဆည်းတဲ့ ပစ္စည်းပိုင်ရှင်က ထပ်မံပြီးတော့ ပစ္စည်းများနဲ့အတူလာရောက် အပ်နှံရန် သုံးဘီးဆိုင်ကယ်သမားနဲ့အတူ ရောက်ရှိလာတဲ့အတွက်ကြောင့် ကျနော်တို့ သူတို့လာရောက်အပ်နှံတဲ့ ဂျပ်ဖာ ၈ ထုပ်ကို စစ်ဆေးတဲ့အခါ ဒိုင်ယာဇီပင်ထိုးဆေး စုစုပေါင်း ၃၀၇၁၀ လုံးဖမ်းဆီးရမိပါတယ်"

အဲဒီ ဒိုင်ယာဇီပင်ထိုးဆေးတွေကို ၁၀ လုံးစီပါတဲ့ ဗူးလေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ငွေကျပ် သိန်း ၁၇၀ ကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။

အဲဒီဆေးတွေဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကနေ ဝင်ရောက်လာတာဖြစ်ပြီး စစ်တွေမြို့  သဲချောင်းဘက်ကနေ တဆင့် ရန်ကုန်ဘက်ကိုတင်ပို့မယ့် ပစ္စည်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဟာ လူအဆက်အသွယ်အမျိုးမျိုးနဲ့ ဆောင်ရွက်ကြတာဖြစ်ပြီး မနေ့က ဖမ်းဆီးရမိတဲ့ပစ္စည်းတွေဟာလည်း ပစ္စည်းသယ်ပို့တဲ့ ပွဲစားတွေလက်ထဲကနေတဆင့် သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ဒေသခံ ရဲအရာရှိတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။